လက်ရှိ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်တဲ့ နိုင်ငံရေး အခြေအနေတွေ ကြောင့် အနုပညာရှင် တွေလည်း အလုပ်တွေ ရပ်နား ထားရကာ စီးပွားရေး ကြပ်တည်းမှု တွေနဲ့ တွေ့ကြုံ ခံစားနေကြ ရတာဖြစ်ပါတယ်။ ဇာတ်ပို့ ၊ ဇာတ်ရံတွေ နဲ့ လူကြမ်းသရုပ်ဆောင် တွေဆိုရင် လည်း အနုပညာ အလုပ်တွေ မလုပ်ရတော့ တာကြောင့် အတော် လေးခက်ခဲမှု တွေနဲ့ ကြုံတွေ့ နေရတယ် လို့သိရပါတယ်။

မြန်မာ့အနုပညာလောကမှာ လူကြမ်း သရုပ်ဆောင် တစ်ယောက် အနေ နဲ့ ပါဝင် သရုပ်ဆောင် တဲ့ ဦးဘဂျမ်း တစ်ယောက် လည်း စီးပွားရေး မပြေလည် မှုတွေကြောင့် တိမ်စွဲ နေတဲ့ မျက်လုံး ကုသဖို့အတွက် ဆေးဖိုးပင် မတတ်နိုင် ဘူးလို့သိရပါတယ်။ အခုလို အခက်အခဲ ဖြစ်နေတဲ့ ဦးဘဂျမ်း အတွက် သရုပ်ဆောင်မေနွယ်ထွန်းက သူတတ် နိုင်တဲ့ဘက် ကနေ ကူညီခဲ့တာပါ….။ မေနွယ်ထွန်းက သူမ ရဲ့ Facebook စာမျက်နှာ မှာ “ဒီဦးလေး ကို တော်တော် များများ ကတော့ သိကြမယ် လို့ ထင်ပါတယ် ရှင်သူက အနုပညာ လောကမှာ လူကြ မ်း မင်းသားကြီး အဖြစ် ရပ်တည်ခဲ့တာ ကြာပါပြီ။ မနေ့က ဆွိကို ဦးဆွေက နေ တဆင့်အကူညီတောင်း လာပါတယ်။ ဦးဆွေ က ကြားကကူ ညီပြီး ပြောပေး တာပါ။ဦးဘဂျမ်း မျက်လုံး တဖက်က တိမ်ဖုံးပြီး မမြင်ရ တော့ပါဘူး။ မျကိဆင်းဆေးဖိုး မတတ် နိုင် တော့ မျက်ဆင်း ဆေးဖိုး လေးပဲ လှူဖို့ သူ အကူ ညီ တော င်းရှာတာပါ။

ဆွိ ကတော့ ဒီချိန်မှာ အနုပညာ သမားတွေလဲ အလုပ်တွေ လုပ်လို့ မရတော့ မျက်ဆင်း ဖိုးအပြင်စား ဝတ်နေရေး အတွက်ပါ ဆွိ ရှာထားတဲ့ ပိုက်ဆံ ထဲက လှူလိုက်ပါ တယ်ရှင်။ ဆွိ အကောင့်ထဲမှာ ရှိတဲ့ ချစ်ခင် ရသော အနုပညာ ညီအကို မောင်နှမများ လဲ ဦးဘဂျမ်း အတွက် အလှူ ငွေလေး ထည့်ဝင်ချင် ရင် တထောင်ကစပြီး အနည်းအများ မဟုတ်ပါဘူးရှင်။ ပါဝင် လှူဒါန်းပေးကြပါဦးနော် ။မေတ္တာရပ် ခံပါရစေရှင်……” ဆိုပြီး မျှဝေ ထားခဲ့ပါတယ်။ ပရိသတ် တွေလည်း တတ်နိုင်သရွေ့ လှူဒါန်းချင်ရင် သရုပ်ဆောင်မေနွယ်ထွန်း နဲ့ ဆက်သွယ်ပြီး လှူဒါန်းလို့ ရတာကြောင့် ပြန်လည် မျှဝေ ပေးလိုက်ပါ တယ်နော်။

သတင်းအရင်းမြစ်: May Nwe Htun’s Facebook acc

ZAWGYI

လက္ရွိ ျဖစ္ေပၚေနတဲ့ မတည္ၿငိမ္တဲ့ နိုင္ငံေရး အေျခအေနေတြ ေၾကာင့္ အႏုပညာရွင္ ေတြလည္း အလုပ္ေတြ ရပ္နား ထားရကာ စီးပြားေရး ၾကပ္တည္းမႈ ေတြနဲ႔ ေတြ႕ၾကဳံ ခံစားေနၾက ရတာျဖစ္ပါတယ္။ ဇာတ္ပို႔ ၊ ဇာတ္ရံေတြ နဲ႔ လူၾကမ္းသ႐ုပ္ေဆာင္ ေတြဆိုရင္ လည္း အႏုပညာ အလုပ္ေတြ မလုပ္ရေတာ့ တာေၾကာင့္ အေတာ္ ေလးခက္ခဲမႈ ေတြနဲ႔ ၾကဳံေတြ႕ ေနရတယ္ လို႔သိရပါတယ္။

ျမန္မာ့အႏုပညာေလာကမွာ လူၾကမ္း သ႐ုပ္ေဆာင္ တစ္ေယာက္ အေန နဲ႔ ပါဝင္ သ႐ုပ္ေဆာင္ တဲ့ ဦးဘဂ်မ္း တစ္ေယာက္ လည္း စီးပြားေရး မေျပလည္ မႈေတြေၾကာင့္ တိမ္စြဲ ေနတဲ့ မ်က္လုံး ကုသဖို႔အတြက္ ေဆးဖိုးပင္ မတတ္နိုင္ ဘူးလို႔သိရပါတယ္။ အခုလို အခက္အခဲ ျဖစ္ေနတဲ့ ဦးဘဂ်မ္း အတြက္ သ႐ုပ္ေဆာင္ေမႏြယ္ထြန္းက သူတတ္ နိုင္တဲ့ဘက္ ကေန ကူညီခဲ့တာပါ….။ ေမႏြယ္ထြန္းက သူမ ရဲ့ Facebook စာမ်က္ႏွာ မွာ “ဒီဦးေလး ကို ေတာ္ေတာ္ မ်ားမ်ား ကေတာ့ သိၾကမယ္ လို႔ ထင္ပါတယ္ ရွင္သူက အႏုပညာ ေလာကမွာ လူၾက မ္း မင္းသားႀကီး အျဖစ္ ရပ္တည္ခဲ့တာ ၾကာပါၿပီ။ မေန႔က ဆြိကို ဦးေဆြက ေန တဆင့္အကူညီေတာင္း လာပါတယ္။ ဦးေဆြ က ၾကားကကူ ညီၿပီး ေျပာေပး တာပါ။ဦးဘဂ်မ္း မ်က္လုံး တဖက္က တိမ္ဖုံးၿပီး မျမင္ရ ေတာ့ပါဘူး။ မ်ကိဆင္းေဆးဖိုး မတတ္ နိုင္ ေတာ့ မ်က္ဆင္း ေဆးဖိုး ေလးပဲ လႉဖို႔ သူ အကူ ညီ ေတာ င္းရွာတာပါ။

ဆြိ ကေတာ့ ဒီခ်ိန္မွာ အႏုပညာ သမားေတြလဲ အလုပ္ေတြ လုပ္လို႔ မရေတာ့ မ်က္ဆင္း ဖိုးအျပင္စား ဝတ္ေနေရး အတြက္ပါ ဆြိ ရွာထားတဲ့ ပိုက္ဆံ ထဲက လႉလိုက္ပါ တယ္ရွင္။ ဆြိ အေကာင့္ထဲမွာ ရွိတဲ့ ခ်စ္ခင္ ရေသာ အႏုပညာ ညီအကို ေမာင္ႏွမမ်ား လဲ ဦးဘဂ်မ္း အတြက္ အလႉ ေငြေလး ထည့္ဝင္ခ်င္ ရင္ တေထာင္ကစၿပီး အနည္းအမ်ား မဟုတ္ပါဘူးရွင္။ ပါဝင္ လႉဒါန္းေပးၾကပါဦးေနာ္ ။ေမတၱာရပ္ ခံပါရေစရွင္……” ဆိုၿပီး မၽွေဝ ထားခဲ့ပါတယ္။ ပရိသတ္ ေတြလည္း တတ္နိုင္သေရြ႕ လႉဒါန္းခ်င္ရင္ သ႐ုပ္ေဆာင္ေမႏြယ္ထြန္း နဲ႔ ဆက္သြယ္ၿပီး လႉဒါန္းလို႔ ရတာေၾကာင့္ ျပန္လည္ မၽွေဝ ေပးလိုက္ပါ တယ္ေနာ္။

သတင္းအရင္းျမစ္: May Nwe Htun’s Facebook acc