


unicode

ပရိတ်သတ်ကြီးရေ…. ဇာတ်ပို့ သရုပ်ဆောင် နိုင်လူ ဟာဆိုရင် လူကြမ်းမင်းသား တစ်ဦးဖြစ်သလို ဗီလိန် ဇာတ်ရုပ်တွေကိုလည်း ပီပြင်ပြောင်မြောက်အောင် ဖန်တီးစွမ်းရှိသူ ဖြစ်ပါတယ် ။ သရုပ်ဆောင်တော်လွန်းလို့ ပရိသတ်တွေ ရဲ့ချီးကျူးမှုကိုပါရရှိနေတဲ့ နိုင်လူက ဗီဒီယိုဇာတ်ကား တွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားကို ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ် ။ လက်ရှိမှာ လည်း နိုင်လူက သူကိုယ်တိုင် ဒါရိုက်တာ အဖြစ်ပါ ဆောင်ရွက်ပြီး ကြော်ငြာတွေ ရိုက်ကူးနေ တာပဲ ဖြစ်ပါတယ် ။

ယခုအချိန်အထိ တည်ကြည်ခန့်ညား နေဆဲဖြစ်တဲ့ နိုင်လူကတော့ ချစ်ရတဲ့မိသားစုနဲ့အတူ သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ ဘဝလေးတစ်ခုကို တည်ဆောက်ထားတာ ဖြစ်ပါတယ် ။ လတ်တလော မှာဆိုရင် နိုင်လူက Tik Tok ဗီဒီယိုလေးတွေ မကြာခဏ ရိုက်ကူးပြီး အောင်မြင်ေ နတာ ဖြစ်ပါတယ် ။ သူများတွေ နဲ့မတူအောင် အိုင်ဒီယာ အသစ်တွေနဲ့ အပီအပြင်သရုပ်ဆောင်ပြီး ရိုက်ကူးလေ့ရှိ တဲ့ နိုင်လူ့ရဲ့Tik Tok ဗီဒီယိုတွေက ပရိသတ်ေ တွကြားမှာ ကြည့်ရှု သူများပြားနေ တာလည်း ဖြစ်ပါတယ် ။

အခုလည်း နိုင်လူက မင်းသမီးချောလေး မမဆောင်း ရဲ့အသံကိုနောက်ခံထားပြီး အခွီ;တလိုင်း ဗီဒီယိုလေး တစ်ခုကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာ မမဆောင်းက မကြာသေး ခင်ကပဲပုံတင်ရင်းနဲ့ မပေါ်သင့်တာပေါ်သွားလို့ ပရိသတ် တွေကို ပြန်ရှင်းပြနေတဲ့အသံကို နိုင်လူ ကနားထောင်နေတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း ရုတ်တရက်ကြီး မမဆောင်း ပြောချလိုက်တဲ့ စကား တစ်ခွန်းကြောင့် နိုင်လူပါ မျက်လုံးပြူးသွားခဲ့ရတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် နိုင်လူရဲ့ဟာသ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက် ပါတယ်နော် ။