ပရိသတ်ကြီးရေ ခင်ရတနာစိုး ကတော့ The Voice Myanmar အစီစဉ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့ သူတစ်ယောက်ပါ။ ခင်ရတနာစိုးက ဒီနေ့စက်တင်ဘာလ ( ၂ ) ရက်နေ့မှာတော့ လူတိုင်းမလုပ်နိုင်တဲ့ အလှူလေးတစ်ခု ကို မွေးနေ့အထိမ်းအမှတ် အ နေနဲ့ လှူဒါန်းပေးခဲ့ပါတယ်။

လာမယ့် စက်တင်ဘာလ (၁၁) ရက်နေ့မှာတော့ ပရိတ်တွေရဲ့အချစ်တော် ခင်ရတနာစိုးရဲ့ မွေးနေ့ရက်မြတ် ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ ခင်ရတနာစိုးကတော့ မွေးနေ့ရက်မတိုင်ခင် ဒီနေ့မှာပဲ မွေးနေ့ အထိမ်းအမှတ်အနေ နဲ့ သူသေလွန်သွားတဲ့ အခါ သူ့ရဲ့မျက်ကြည်လွှာ နဲ့ ကိုယ်တွင်းအင်္ဂါ (အသည်းနဲ့ ကျောက်ကပ်) တို့ကို လူမှုအကျိုးပြုလုပ်ငန်းတွေ အတွက် ပရဟိတအသင်းတစ်ခု ကနေ တစ်ဆင့် လှူဒါန်းပေးခဲ့ပါတယ်။

ခင်ရတနာစိုးရဲ့ မွေးနေ့အထိမ်အမှတ်အနေနဲ့ ပြုလုပ်ခဲ့တဲ့ မျက်ကြည်လွှာနဲ့ ကိုယ်တွင်းအင်္ဂါ လှူဒါန်းမှုလေးက လူတိုင်းမလုပ်နိုင်တဲ့ တကယ်ကို မွန်မြတ်လှတဲ့ အလှူလေးပါပဲနော်။ပရိသတ်ကြီးတွေလည်း ခင်ရတနာစိုးရဲ့ မွန်မြတ်လှတဲ့အလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Khin Yadanar Soe

ZAWGYI

ပရိသတ္ႀကီးေရ ခင္ရတနာစိုး ကေတာ့ The Voice Myanmar အစီစဥ္မွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ပရိသတ္ေတြရဲ့အားေပးခ်စ္ခင္မႈကို ရရွိခဲ့တဲ့ သူတစ္ေယာက္ပါ။ ခင္ရတနာစိုးက ဒီေန႔စက္တင္ဘာလ ( ၂ ) ရက္ေန႔မွာေတာ့ လူတိုင္းမလုပ္နိုင္တဲ့ အလႉေလးတစ္ခု ကို ေမြးေန႔အထိမ္းအမွတ္ အ ေနနဲ႔ လႉဒါန္းေပးခဲ့ပါတယ္။

လာမယ့္ စက္တင္ဘာလ (၁၁) ရက္ေန႔မွာေတာ့ ပရိတ္ေတြရဲ့အခ်စ္ေတာ္ ခင္ရတနာစိုးရဲ့ ေမြးေန႔ရက္ျမတ္ က်ေရာက္တဲ့ ေန႔ရက္ေလးပဲျဖစ္ပါတယ္။ ခင္ရတနာစိုးကေတာ့ ေမြးေန႔ရက္မတိုင္ခင္ ဒီေန႔မွာပဲ ေမြးေန႔ အထိမ္းအမွတ္အေန နဲ႔ သူေသလြန္သြားတဲ့ အခါ သူ႔ရဲ့မ်က္ၾကည္လႊာ နဲ႔ ကိုယ္တြင္းအဂၤါ (အသည္းနဲ႔ ေက်ာက္ကပ္) တို႔ကို လူမႈအက်ိဳးျပဳလုပ္ငန္းေတြ အတြက္ ပရဟိတအသင္းတစ္ခု ကေန တစ္ဆင့္ လႉဒါန္းေပးခဲ့ပါတယ္။

ခင္ရတနာစိုးရဲ့ ေမြးေန႔အထိမ္အမွတ္အေနနဲ႔ ျပဳလုပ္ခဲ့တဲ့ မ်က္ၾကည္လႊာနဲ႔ ကိုယ္တြင္းအဂၤါ လႉဒါန္းမႈေလးက လူတိုင္းမလုပ္နိုင္တဲ့ တကယ္ကို မြန္ျမတ္လွတဲ့ အလႉေလးပါပဲေနာ္။ပရိသတ္ႀကီးေတြလည္း ခင္ရတနာစိုးရဲ့ မြန္ျမတ္လွတဲ့အလႉေလးကို သာဓုေခၚဆိုနိုင္ဖို႔ မၽွေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source – Khin Yadanar Soe