ယေန႔ အပါအဝင္ ရက္ေပါင္း (၄၅) ရက္ ၾကာျမင့္သြားၿပီ ျဖစ္တဲ့ လူထု လႈပ္ရွားမႈမွာ ဆိုရင္ က်ဆုံးသြားတဲ့ သူရဲေကာင္းေတြ လည္း အေယာက္ (၂၀၀) နီးပါးရွိေနၿပီျဖစ္ပါတယ္။က်ဆုံးသြားတဲ့ သူရဲေကာင္းေတြ ရဲ့ က်န္ရစ္သူ မိသားစုေတြ ကေတာ့ ဘယ္ေတာ့မွ အစားထိုး လို႔ မရနိုင္ေတာ့တဲ့ မိမိ ရဲ့ ေသြးရင္းျခာ ေတြကို ဆုံးရႈံးလိုက္ ရတာျဖစ္ပါတယ္။(၁၃.၃.၂၀၂၁) ရက္ေန႔က ဆိုရင္ အနာဂတ္ ရဲ့ ၾကယ္ပြင့္ေလး ျဖစ္တဲ့ ေမာင္ထက္ျမတ္ေအာင္ ကေတာ့ ျပည္ၿမိဳ႕ က လူထု လႈပ္ရွားမႈမွာပါဝင္ရင္း က်ဆုံး သြားခဲ့တာ ျဖစ္ပါတယ္။

ေမာင္ထက္ျမတ္ေအာင္ က မိဘေတြရဲ့တစ္ဦးတည္းေသာ သားေလး ျဖစ္ၿပီး အသက္ (၁၉) ႏွစ္အရြယ္သာ ရွိပါေသးတယ္။ေမာင္ထက္ျမတ္ေအာင္ ရဲ့ သူငယ္ခ်င္းေတြက လည္း နာေရးကို လာေရာက္ ၾကၿပီး ေနာက္ဆုံး ခရီးကို လိုက္ပို႔ေပးခဲ့ ၾကတာျဖစ္ပါတယ္။ေမာင္ထက္ျမတ္ေအာင္ ရဲ့ ခ်စ္သူ ေကာင္မေလးက လည္း မိတၳီလာ ကေန ျပည္ၿမိဳ႕ကို အေရာက္လာၿပီး ေဘးနားမွာ တစ္ခ်ိန္လုံးေန ေပးေနတာ ျဖစ္ပါတယ္။ထက္ျမတ္ေအာင္ တို႔ ခ်စ္သူႏွစ္ေယာက္က ေသကြဲ ကြဲသြားရတာေၾကာင့္ ျပည္သူ ေတြကေတာ့ ေကာင္မေလး နဲ႔ ထပ္တူ ဝမ္းနည္း ေၾကကြဲ ေနၾကတာ ျဖစ္ပါတယ္။

ေမာင္ထက္ျမတ္ေအာင္ ရဲ့ ခ်စ္သူေကာင္မ ေလးက ခ်စ္သူ ရဲ့မ်က္ႏွာေလးကို ေနာက္ဆုံးအေန နဲ႔ တစိမ့္စိမ့္ၾကည့္ၿပီး ႏႈတ္ဆက္ေနတာ ျဖစ္ပါတယ္။အခုလိုမ်ိဳးကာလမွာ အရမ္းခ်စ္ၾကတဲ့ ခ်စ္သူေတြ ကလည္း ေသကြဲကြဲ ရတာေၾကာင့္နာက်င္ဖို႔ ေကာင္းပါတယ္။သူရဲေကာင္းေလး ထက္ျမတ္ေအာင္ ရဲ့ ေနာက္ဆုံးခရီးကို ျပည္ၿမိဳ႕ က ျပည္သူေတြ က ၿမိဳ႕လုံး ကၽြတ္လိုက္ပို႔ေပးခဲ့ ၾကတာျဖစ္ပါတယ္။အညႊန႔္တလူလူ တက္ေနတဲ့ လူငယ္ေလးေတြက အေစာဆုံး ေႂကြလြင့္သြားရလို႔ က်န္ရစ္သူ မိသားစုနဲ႔ ထပ္တူ ျပည္သူေတြ ကပါ စိတ္မေကာင္း ျဖစ္ေနၾက ေၾကာင္းကို ဝမ္းနည္စြာ နဲ႔ တင္ဆက္ လိုက္ပါတယ္။

Source&Photo Credit: myanmar load

UNICODE

ယနေ့ အပါအဝင် ရက်ပေါင်း (၄၅) ရက် ကြာမြင့်သွားပြီ ဖြစ်တဲ့ လူထု လှုပ်ရှားမှုမှာ ဆိုရင် ကျဆုံးသွားတဲ့ သူရဲကောင်းတွေ လည်း အယောက် (၂၀၀) နီးပါးရှိနေပြီဖြစ်ပါတယ်။ကျဆုံးသွားတဲ့ သူရဲကောင်းတွေ ရဲ့ ကျန်ရစ်သူ မိသားစုတွေ ကတော့ ဘယ်တော့မှ အစားထိုး လို့ မရနိုင်တော့တဲ့ မိမိ ရဲ့ သွေးရင်းခြာ တွေကို ဆုံးရှုံးလိုက် ရတာဖြစ်ပါတယ်။(၁၃.၃.၂၀၂၁) ရက်နေ့က ဆိုရင် အနာဂတ် ရဲ့ ကြယ်ပွင့်လေး ဖြစ်တဲ့ မောင်ထက်မြတ်အောင် ကတော့ ပြည်မြို့ က လူထု လှုပ်ရှားမှုမှာပါဝင်ရင်း ကျဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

မောင်ထက်မြတ်အောင် က မိဘတွေရဲ့တစ်ဦးတည်းသော သားလေး ဖြစ်ပြီး အသက် (၁၉) နှစ်အရွယ်သာ ရှိပါသေးတယ်။မောင်ထက်မြတ်အောင် ရဲ့ သူငယ်ချင်းတွေက လည်း နာရေးကို လာရောက် ကြပြီး နောက်ဆုံး ခရီးကို လိုက်ပို့ပေးခဲ့ ကြတာဖြစ်ပါတယ်။မောင်ထက်မြတ်အောင် ရဲ့ ချစ်သူ ကောင်မလေးက လည်း မိတ္ထီလာ ကနေ ပြည်မြို့ကို အရောက်လာပြီး ဘေးနားမှာ တစ်ချိန်လုံးနေ ပေးနေတာ ဖြစ်ပါတယ်။ထက်မြတ်အောင် တို့ ချစ်သူနှစ်ယောက်က သေကွဲ ကွဲသွားရတာကြောင့် ပြည်သူ တွေကတော့ ကောင်မလေး နဲ့ ထပ်တူ ဝမ်းနည်း ကြေကွဲ နေကြတာ ဖြစ်ပါတယ်။

မောင်ထက်မြတ်အောင် ရဲ့ ချစ်သူကောင်မ လေးက ချစ်သူ ရဲ့မျက်နှာလေးကို နောက်ဆုံးအနေ နဲ့ တစိမ့်စိမ့်ကြည့်ပြီး နှုတ်ဆက်နေတာ ဖြစ်ပါတယ်။အခုလိုမျိုးကာလမှာ အရမ်းချစ်ကြတဲ့ ချစ်သူတွေ ကလည်း သေကွဲကွဲ ရတာကြောင့်နာကျင်ဖို့ ကောင်းပါတယ်။သူရဲကောင်းလေး ထက်မြတ်အောင် ရဲ့ နောက်ဆုံးခရီးကို ပြည်မြို့ က ပြည်သူတွေ က မြို့လုံး ကျွတ်လိုက်ပို့ပေးခဲ့ ကြတာဖြစ်ပါတယ်။အညွှန့်တလူလူ တက်နေတဲ့ လူငယ်လေးတွေက အစောဆုံး ကြွေလွင့်သွားရလို့ ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူ ပြည်သူတွေ ကပါ စိတ်မကောင်း ဖြစ်နေကြ ကြောင်းကို ဝမ်းနည်စွာ နဲ့ တင်ဆက် လိုက်ပါတယ်။

Source&Photo Credit: myanmar load