


Source: Moe Hay Ko’s fb

unicode

ရိုးရှင်းတဲ့ အလှတဲ့ ပရိသတ်တွေ ကို ဆွဲဆောင် နိုင်တဲ့ မင်းသမီးချော မိုးဟေကိုကတော့ သူမရဲ့ အလှအပ ကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက် ဖြစ်ပါတယ် ။ မိုးဟေကိုက လက် ရှိမှာလည်း သူမဝါသနာပါရာ အနုပညာ အလုပ်တွေကို လုပ်ကိုင်နေရင်း တစ်ကိုယ်တည်း အပျိုကြီးအဖြစ် ဘဝကို အပူအပင်ကင်းကင်းနဲ့ ဖြတ်သန်းနေထိုင်နေသူတစ်ယောက် ဖြစ်ပါတယ်။ တိုင်းသိပြည်သိ မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းတတ်တဲ့ မိုးဟေကိုကတော့ လက်ရှိ ရုပ်ရှင်ရိုက်ကူး ခြင်းတွေ ရပ်နားထားချိန်မှာ သူမရဲ့ နေ့စဉ်ဘဝ ဖြတ်သန်းမှုတွေနဲ့ ပရိသတ်တွေ နဲ့ထိတွေ့နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း မိုးဟေကို က သူငယ်ချင်း တွေနဲ့ စိတ်လွတ်လက်လွတ် ခရီးတိုလေး ထွက်ခဲ့ကြောင်းကို “🎼🎼🎼 လူတွေနဲ့ ဝေးဝေးဝေး တဲ့နယ်မြေ . . . အတူတူ သွား သွား သွားကြမယ်လေ . . . 🎼🎼🎼 အခုလိုကာလကြီး မှာ ခရီးဝေးသွားလို့မရတော့ နီးနီးနားနား မှာပဲ Day trip လေးသွားလိုက်တယ်။ စက်ဘီးလေးနင်းလိုက်၊ သဘာဝ အလှအပကို ခံစားလိုက်၊ လေကောင်း လေသန့်တွေ တဝကြီးရှူရှိုက်လိုက် နဲ့ တကယ့်ကို စိတ်ကြည်နူးစရာ နေ့လေးတစ်နေ့ပါပဲ။ မိုးရဲ့ The First Trip of 2021 ပေါ့။” ဆိုပြီး သူမရဲ့ အမှတ်တရလေးတွေကို ချပြလာခဲ့ပါတယ်။

မိုးဟေကို ကတော့ သူမကိုယ်သူမ နိုင်ငံကျော်မင်းသမီး ဆိုတဲ့ဂုဏ်ပုဒ် ကိုမေ့ထားပြီး စိတ်လွတ် ကိုယ်လွတ် ပျော်ရွှင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိုးဟေကိုရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အပျော်တွေ ပီတိတွေ ကူးစက်သွား မယ်လို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြ တဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Moe Hay Ko’s fb