မဂ်လာပါ ပရိတ်သတ်ကြီးရေ အနုပညာရှင် တချို့မကြာခင် ထပ်မံ လွတ်မြောက်ဖို့ ရှိနေတယ်လို့ရှေ့နေ အသိုင်းအဝိုင်းပြောလိုက်ပြီ။အမှုရင်ဆိုင်ဆဲ အချုပ်ကျ ခံနေရတဲ့ အနုပညာရှင် အချို့ မကြာခင် ရက်သတ္တပတ် အတွင်းထပ်မံ လွတ်မြောက်ဖို့ ကြားနေရတယ်လို့ လက်ရှိ ၅၀၅-က နဲ့ အမှုရင်ဆိုင် နေရသူတွေကိုလိုက်ပါ ကူညီ ပေးနေတဲ့ ရှေ့နေ အသိုင်းအဝိုင်း ကနေ သိရပါတယ်။လတ်တလောမှာ အနုပညာရှင် တွေ ခံဝန်ကတိတွေ နဲ့လက်မှတ်ထိုး ငွေပေးရတယ်ဆိုတဲ့ ဖြစ်ရပ်တွေက

မြေပြင်မှာ တကယ်ဖြစ်နေတာမျိုး မရှိဘူးလို့ အနုပညာရှင်တွေရဲ့ အမှုတွေကို လိုက်ပါကူညီနေတဲ့ ဥပဒေ အကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။ကျွန်တော့်ရဲ့အမူသည်တွေဖြစ်တဲ့ ပိုင်တံခွန် ၊ ရဲတိုက်နဲ့တခြား အနုပညာရှင်တွေ ပါလာမယ် ကြားထားလို့ မျှော်လင့်မိပါတယ်။ဒါပေမယ့် အနုပညာရှင် နှစ်ယောက်လောက်ပဲပါတယ်နောက်လာမယ့် အသုတ်တွေမှာ ထပ်ပါလာမယ်လို့ကြားသိထားပါတယ် ” လို့ ဦးခင်မောင်မြင့်က ပြောပြပါတယ်။ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်က နိုင်ငံတဝန်းတရားရင်ဆိုင်ဆဲ အကျဉ်းသား ၂ဝဝဝ လောက်ကိုပြန်လွှတ် ပေးခဲ့တာရှိပေမယ့် နိုင်ငံကျော်အနုပညာရှင်အများ စုပါမလာခဲ့ပါဘူး ။

အကျဉ်းသားတွေပြန်လွှတ်ပေးတဲ့ နေရာမှာ ပထမအဆင့် အနေနဲ့ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြရာမှာ ပါဝင်ပြီး ပုဒ်မ ၅ဝ၅- ကနဲ့ တရားစွဲဆို ထားသူတွေကိုလွှတ်ပေးတာ ဖြစ်ပါတယ်။ဒုတိယ အဆင့်အနေနဲ့နိုင်ငံကျော် အနုပညာရှင်တွေ ပါဝင်မှာ ဖြစ်ပြီးနောက်ပိုင်းမှာ ဝန်ထမ်း ပိုင်းဆိုင်ရာ တွေပါဝင်လာနိုင်တယ်လို့ အကျဉ်းဦးစီးဌာန နဲ့ နီးစပ်သူတွေ အသိုင်းအဝိုင်းက သိရပါတယ်။လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းသရုပ်ဆောင် အဆိုတော်နဲ့အနုပညာရှင် ၅ဝ ကျော်လောက်ကို စကစ က ပုဒ်မ ၅ဝ၅ -က နဲ့ဖမ်းဝရမ်းထုတ် ထားပြီး မကြာသေးခင်က အနုပညာရှင်တချို့ကို ဝရမ်းရုပ်သိမ်းပေးခဲ့ပါတယ် ။

လက်ရှိ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့ အနုပညာရှင် ၁ဝ ယောက်ထက်မနည်းရှိနေပါတယ်။ပရိတ်သတ်ကြီးတို့လည်းကိုယ်မျှော်လင့်ထားတဲ့ အ နုပညာရှင်တွေ အမြန်ဆုံးလွတ်လာအောင်ဆုတောင်း ပေးကြပါဦးနော်။အခုလို ဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ခြင်းစီတိုင်းကျန်းမာပျော်ရွှင်သော နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

crd……

ZAWGYI

မဂ္လာပါ ပရိတ္သတ္ႀကီးေရ အႏုပညာရွင္ တခ်ိဳ႕မၾကာခင္ ထပ္မံ လြတ္ေျမာက္ဖို႔ ရွိေနတယ္လို႔ေရွ႕ေန အသိုင္းအဝိုင္းေျပာလိုက္ၿပီ။အမႈရင္ဆိုင္ဆဲ အခ်ဳပ္က် ခံေနရတဲ့ အႏုပညာရွင္ အခ်ိဳ႕ မၾကာခင္ ရက္သတၱပတ္ အတြင္းထပ္မံ လြတ္ေျမာက္ဖို႔ ၾကားေနရတယ္လို႔ လက္ရွိ ၅၀၅-က နဲ႔ အမႈရင္ဆိုင္ ေနရသူေတြကိုလိုက္ပါ ကူညီ ေပးေနတဲ့ ေရွ႕ေန အသိုင္းအဝိုင္း ကေန သိရပါတယ္။လတ္တေလာမွာ အႏုပညာရွင္ ေတြ ခံဝန္ကတိေတြ နဲ႔လက္မွတ္ထိုး ေငြေပးရတယ္ဆိုတဲ့ ျဖစ္ရပ္ေတြက

ေျမျပင္မွာ တကယ္ျဖစ္ေနတာမ်ိဳး မရွိဘူးလို႔ အႏုပညာရွင္ေတြရဲ့ အမႈေတြကို လိုက္ပါကူညီေနတဲ့ ဥပေဒ အႀကံေပး ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။ကၽြန္ေတာ့္ရဲ့အမူသည္ေတြျဖစ္တဲ့ ပိုင္တံခြန္ ၊ ရဲတိုက္နဲ႔တျခား အႏုပညာရွင္ေတြ ပါလာမယ္ ၾကားထားလို႔ ေမၽွာ္လင့္မိပါတယ္။ဒါေပမယ့္ အႏုပညာရွင္ ႏွစ္ေယာက္ေလာက္ပဲပါတယ္ေနာက္လာမယ့္ အသုတ္ေတြမွာ ထပ္ပါလာမယ္လို႔ၾကားသိထားပါတယ္ ” လို႔ ဦးခင္ေမာင္ျမင့္က ေျပာျပပါတယ္။ၿပီးခဲ့တဲ့ ဇြန္လ ၃ဝ ရက္က နိုင္ငံတဝန္းတရားရင္ဆိုင္ဆဲ အက်ဥ္းသား ၂ဝဝဝ ေလာက္ကိုျပန္လႊတ္ ေပးခဲ့တာရွိေပမယ့္ နိုင္ငံေက်ာ္အႏုပညာရွင္အမ်ား စုပါမလာခဲ့ပါဘူး ။

အက်ဥ္းသားေတြျပန္လႊတ္ေပးတဲ့ ေနရာမွာ ပထမအဆင့္ အေနနဲ႔ အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပရာမွာ ပါဝင္ၿပီး ပုဒ္မ ၅ဝ၅- ကနဲ႔ တရားစြဲဆို ထားသူေတြကိုလႊတ္ေပးတာ ျဖစ္ပါတယ္။ဒုတိယ အဆင့္အေနနဲ႔နိုင္ငံေက်ာ္ အႏုပညာရွင္ေတြ ပါဝင္မွာ ျဖစ္ၿပီးေနာက္ပိုင္းမွာ ဝန္ထမ္း ပိုင္းဆိုင္ရာ ေတြပါဝင္လာနိုင္တယ္လို႔ အက်ဥ္းဦးစီးဌာန နဲ႔ နီးစပ္သူေတြ အသိုင္းအဝိုင္းက သိရပါတယ္။လက္ရွိအခ်ိန္မွာ ျမန္မာနိုင္ငံမွာ အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္းသ႐ုပ္ေဆာင္ အဆိုေတာ္နဲ႔အႏုပညာရွင္ ၅ဝ ေက်ာ္ေလာက္ကို စကစ က ပုဒ္မ ၅ဝ၅ -က နဲ႔ဖမ္းဝရမ္းထုတ္ ထားၿပီး မၾကာေသးခင္က အႏုပညာရွင္တခ်ိဳ႕ကို ဝရမ္း႐ုပ္သိမ္းေပးခဲ့ပါတယ္ ။

လက္ရွိ အက်ဥ္းေထာင္ေတြထဲမွာ ဖမ္းဆီးထိန္းသိမ္းခံ ထားရတဲ့ အႏုပညာရွင္ ၁ဝ ေယာက္ထက္မနည္းရွိေနပါတယ္။ပရိတ္သတ္ႀကီးတို႔လည္းကိုယ္ေမၽွာ္လင့္ထားတဲ့ အ ႏုပညာရွင္ေတြ အျမန္ဆုံးလြတ္လာေအာင္ဆုေတာင္း ေပးၾကပါဦးေနာ္။အခုလို ဝင္ေရာက္ဖတ္ရႈ႔ေပးၾကတဲ့ ပရိတ္သတ္တစ္ေယာက္ျခင္းစီတိုင္းက်န္းမာေပ်ာ္ရႊင္ေသာ ေန႔ရက္မ်ား ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

crd……