ပရိတ်သတ်ကြီးရေ ရယ်စရာဟာသ လေးတွေနဲ့ မရိုးနိုင်အောင် ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့ ဇာတ်ပို့သရုပ်ဆောင် ဟာသလူရွှင်တော်ဖြစ်တဲ့ အကယ်ဒမီ ဦးမိုးဒီကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေ ချစ်ခင် အားပေးနေကြရသူပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အသက်အရွယ် အရ အနုပညာအလုပ်တွေ နည်းပါး သွားပေမယ့်လည်း ပရိသတ်တွေ ကတော့ ချစ်ခင်အားပေးနေကြဆဲပါ ။ မကြာခင်နာရီပိုင်းက ဦးမိုးဒီက ကိုယ်တိုင် ထုတ်လုပ် ရောင်းချမယ့် စားသောက်ကုန် အသစ်လေးကို မိတ်ဆက်ပေးလိုက်ပါတယ် ။

ဒါကတော့ မြန်မာလူမျိုးတိုင်း ကြိုက်နှစ်သက် ကြတဲ့ မုန့်ဟင်းခါး ခြောက်ထုပ် လေးပဲဖြစ်ပါတယ် ။ ဒါ့အပြင် အကယ်ဒမီဆိုတဲ့ နာမည်နဲ့ ဒီမုန့်ဟင်းခါးခြောက်ထုပ်ကိုလည်း သူကိုယ်တိုင်ပါဝင် သရုပ်ဆောင်ကာ ကြော်ငြာ ရိုက်ကူးနေတဲ့ ရိုက်ကွင်းပုံရိပ်တွေကို လည်း ဝေမျှထားပါသေးတယ် ။ ပရိသတ်ကြီးလည်း ဦးမိုးဒီရဲ့ မုန့်ဟင်းခါးလေးကို အားပေးလိုက် ပါဦးနော် ။

Credit– Cele Zone
Photo – Moe Sat

ZAWGYI




Credit– Cele Zone
Photo – Moe Sat