ပရိတ်သတ် ကြီးရေ…မြန်မာပြည် အတွက် ဂုဏ်ယူရ တဲ့ Miss တစ်ယောက် ဖြစ်ပေး ခဲ့တဲ့ သူဇာဝင့်လွင်ဟာ လတ်တလော အခြေအနေ တွေကြောင့် အမိနိုင်ငံကိုပြန်လာဖို့ အဆင်မပြေ သေးတာ ကြောင့် အမေရိက မှာရှိတဲ့ အသိမိတ်ဆွေတွေ ဟာသူမရပ် တည်နိုင်ဖို့ အတွက် အကူအညီတွေ အများကြီး ပေးခဲ့ကြပါတယ်။ Asia’s Next Top ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ တစ်ယောက်ဖြစ်တဲ့ သက်သက်သင်း (Beauty) ဟာလည်း သူမ ကိုယ်တိုင်က International Model လမ်းကြောင်း ပေါ်မှာ လျှောက်လှမ်း နေခဲ့သူ ဖြစ်တဲ့အလျောက် Candy ကိုလည်း သူမ နဲ့ အတူ လုပ်ကိုင်ဖို့ လက်တွဲ ခေါ်ခဲ့ပါတယ်။
ဒီနေ့မှာလည်း အင်္ဂလန်နိုင်ငံ အခြေစိုက် JEM Model Agency မှာ သူဇာဝင့်လွင် တစ်ယောက် ဝင်ရောက် လုပ်ကိုင်တော့မယ့် အကြောင်းကို Agency က Jake Egginton ဆိုသူက အသိပေး ပြောကြားလာ ခဲ့ပါတယ်။ နိုင်ငံအတွက် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ စင်မြင့်ထက်မှာ Speak Out လုပ်ပေး ခဲ့တဲ့ သူဇာဝင့်လွင် ဟာ လတ်တေလာ မှာတော့ အမေရိကနိုင်ငံမှာ ရှိနေပြီး International Model တစ်ယော က်ဖြစ်ဖို့ ခြေလှမ်း စတင်နေခဲ့ပါပြီ။
Candy ဟာမကြာခင် မှာ JEM ရဲ့ Model တစ်ယောက်ဖြစ်လာ တော့မယ့်အကြောင်းကို ” Excited to introduce Thuzar – Miss Universe Myanmar to the JEM Family! We Are JEM Incredible to watch her represent her country with the current political issues on an international level! ” ဆိုပြီး Jake Egginton က သူ့ရဲ့လူမှု ကွန်ရက်မှာ ပြောပြ လာခဲ့ပါတယ်။ Candy ရဲ့ ပရိသတ်တွေကတော့ ဒီသတင်းကေေင်းနဲ့ပတ်သက်ပြီး အရမ်းကို ပျော်နေခဲ့ပါတယ်။ Miss Universe Myanmar လေးရဲ့ ပထမဆုံးစ တင်လိုက်တဲ့ International ခြေလှမ်းအ သစ်ကနေ ကမ္ဘာကျော် ပြီး အောင်မြင်တဲ့ Model တစ်ယောက် အထိတက် လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။
Source;Thuzar Wint Lwin
zawgyi