ပရိတ္သတ္ ႀကီးေရ… ျပည္သူခ်စ္ သ႐ုပ္ေဆာင္ အႏုပညာရွင္ တစ္ေယာက္ ျဖစ္တဲ့ စိုးမိုးၾကည္ ကေတာ့ ႐ုပ္ရွင္ နဲ႔ ဗီဒီယို ဇာတ္ကား ေပါင္းမ်ားစြာ ကို ပီျပင္ပိုင္နိုင္စြာ သ႐ုပ္ေဆာင္ရင္း ပရိတ္သတ္ေတြရဲ့ ခ်စ္ခင္ အားေပးမႈကို အျပည့္ အဝ ရရွိထားသူပဲ ျဖစ္ပါတယ္ ေနာ္။ အခုေနာက္ပိုင္းတြင္ လည္း ႐ုပ္သံ ဇာတ္လမ္းတြဲမ်ား မွာပါ ပါဝင္ ရိုက္ကူး လာတာကို ေတြ႕ရ ပါတယ္။ သ႐ုပ္ေဆာင္ ပညာေတြ ကိုလည္း မ်ိဳးဆက္သစ္ လူငယ္ေတြ အား အျမဲသင္ၾကား ေပးေနသူ တစ္ေယာက္ပါ။

စိုးမိုးၾကည္ ကေတာ့ လက္ရွိ ျဖစ္ေပၚေန တဲ့ အေျခအေန‌ေတြေၾကာင့္ ျမန္မာျပည္ ႀကီး အျမန္ဆုံး ၿငိမ္းခ်မ္းေအာင္ လည္း ဘုရားဝတ္ ျပဳတဲ့ အခါတိုင္း ဆုေတာင္း ေပးေနသူပါ။ လတ္တေလာ လူမႈ ကြန္ယက္ စာမ်က္ႏွာ တြင္ သူမနဲ႔ ပတ္သက္ၿပီး ေကာလ ဟာလ သတင္း တစ္ခ်ိဳ႕ ျပန႔္ႏွံ့ေန တာပဲ ျဖစ္ပါတယ္။ ဒါကေတာ့ ဒီေန႔ ညေနတြင္ မႏၲေလးၿမိဳ႕ က နန္းတြင္း သၾကၤန္ ထဲတြင္ သြားေရာက္ ေဖ်ာ္ေျဖမယ္ ဆိုၿပီး သတင္းေတြ ထြက္ေနတာပါ။

မၾကာေသးခင္ နာရီပိုင္း ေလာက္ ကလည္း စိုးမိုးၾကည္ ရဲ့ Facebook Page တြင္ ဒီသတင္းဟာ မဟုတ္မွန္ ေၾကာင္း ပရိသတ္ေတြ ကို ျပန္လည္ ေျဖရွင္းထားတာ ျဖစ္ပါတယ္။ ” ယခု အခ်ိန္မွာ ကၽြန္မမိခင္ က်န္းမာေရး အေျခအေန ေၾကာင့္ ဘယ္ပြဲလမ္း သဘင္မွ သြားေရာက္ ေဖ်ာ္ေျဖျခင္းမရွိပါ။ သတင္းအမွားမ်ားကို မတင္ေစလိုပါရွင္။( ၇ ) ရက္သားသမီးမ်ား ႏွင့္ခ်စ္ေသာ ပရိသတ္မ်ား အားလုံးေဘးရန္ အေပါင္း ကင္းရွင္းၿပီး ေအးခ်မ္းၾကပါေစရွင္ ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြ အတြက္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပး လိုက္ရပါတယ္ေနာ္။

Source and Photo Crd-Soe Moe Kyi’s Facebook page
Credit

UNICODE

ပရိတ်သတ် ကြီးရေ… ပြည်သူချစ် သရုပ်ဆောင် အနုပညာရှင် တစ်ယောက် ဖြစ်တဲ့ စိုးမိုးကြည် ကတော့ ရုပ်ရှင် နဲ့ ဗီဒီယို ဇာတ်ကား ပေါင်းများစွာ ကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်ရင်း ပရိတ်သတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အပြည့် အဝ ရရှိထားသူပဲ ဖြစ်ပါတယ် နော်။ အခုနောက်ပိုင်းတွင် လည်း ရုပ်သံ ဇာတ်လမ်းတွဲများ မှာပါ ပါဝင် ရိုက်ကူး လာတာကို တွေ့ရ ပါတယ်။ သရုပ်ဆောင် ပညာတွေ ကိုလည်း မျိုးဆက်သစ် လူငယ်တွေ အား အမြဲသင်ကြား ပေးနေသူ တစ်ယောက်ပါ။

စိုးမိုးကြည် ကတော့ လက်ရှိ ဖြစ်ပေါ်နေ တဲ့ အခြေအနေ‌တွေကြောင့် မြန်မာပြည် ကြီး အမြန်ဆုံး ငြိမ်းချမ်းအောင် လည်း ဘုရားဝတ် ပြုတဲ့ အခါတိုင်း ဆုတောင်း ပေးနေသူပါ။ လတ်တလော လူမှု ကွန်ယက် စာမျက်နှာ တွင် သူမနဲ့ ပတ်သက်ပြီး ကောလ ဟာလ သတင်း တစ်ချို့ ပြန့်နှံ့နေ တာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဒီနေ့ ညနေတွင် မန္တလေးမြို့ က နန်းတွင်း သင်္ကြန် ထဲတွင် သွားရောက် ဖျော်ဖြေမယ် ဆိုပြီး သတင်းတွေ ထွက်နေတာပါ။

မကြာသေးခင် နာရီပိုင်း လောက် ကလည်း စိုးမိုးကြည် ရဲ့ Facebook Page တွင် ဒီသတင်းဟာ မဟုတ်မှန် ကြောင်း ပရိသတ်တွေ ကို ပြန်လည် ဖြေရှင်းထားတာ ဖြစ်ပါတယ်။ ” ယခု အချိန်မှာ ကျွန်မမိခင် ကျန်းမာရေး အခြေအနေ ကြောင့် ဘယ်ပွဲလမ်း သဘင်မှ သွားရောက် ဖျော်ဖြေခြင်းမရှိပါ။ သတင်းအမှားများကို မတင်စေလိုပါရှင်။( ၇ ) ရက်သားသမီးများ နှင့်ချစ်သော ပရိသတ်များ အားလုံးဘေးရန် အပေါင်း ကင်းရှင်းပြီး အေးချမ်းကြပါစေရှင် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေး လိုက်ရပါတယ်နော်။

Source and Photo Crd-Soe Moe Kyi’s Facebook page
Credit