ပရိတ်သတ်ကြီးရေ….ဟားငါးကောင် လူရွှင်တော် အဖွဲ့ဟာဆိုရင် မရိုးနိုင်တဲ့ ဟာသပျက်လုံးအသစ် အဆန်းတွေ ကိုတီထွင်ရင်း ပရိတ်သတ်တွေ ရဲ့တစ်နေ့တာအမောတွေကို ပြေပျောက်နိုင် အောင်ဖျော်ဖြေ နိုင်တဲ့ လူရွှင်တော်အဖွဲ့ပဲ ဖြစ်ပါတယ်နော်။ဟားငါးကောင် အဖွဲ့ဟာ နွေဦးတော်လှန်ရေး မှာ ပြည်သူလူထု နဲ့ အတူတစ်သားထဲရပ်တည်ပြီး လူထု လှုပ်ရှားမှု့ မှာ တက်တက် ကြွကြွ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်နော်.။

အခုဆိုရင်လည်း ဟားငါးကောင် အဖွဲ့က လွတ်မြောက်ရေး နယ်မြေမှာ ဆင်းရဲဒုက္ခများစွာ နဲ့ ခက်ခက် ခဲခဲ စစ်ပညာကိုသင်ယူ နေကြတာပဲဖြစ်ပါတယ်။အခုလိုအစစ အရာရာ အဆင်ပြေစွာ နဲ့ နေထိုင် နေရပေမယ့် လည်း ဒီကနေ့မှာ ကျရောက်တဲ့ လူထု ခေါင်းဆောင် မြန်မာနိုင်ငံ ရဲ့ မိခင်ကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့(၇၆) နှစ်ပြည့် မွေးနေ့လေး ကို တောထဲက နေပြီရှိတာလေး နဲ့ အဆင်ပြေအောင် ကျင်းပပြုလုပ်ပေးတာကို တွေ့မြင်ရပါတယ် ပရိတ်သတ်ကြီးရေ..

ဟားငါးကောင် အဖွဲ့က သူတို့ နှစ် နဲ့ ချီပြီးသောက်ခဲ့ ကြတဲ့ အရက်ကို အမေ စု အတွက် မွေးနေ့လက်ဆောင် အဖြစ်သစ္စာဆို လှူခဲ့ကြတာကို လည်းလူရွှင်တော်တိုင်းကျော်က သူ့ရဲ့လူမှု ကွန်ယက်စာမျက်နှာ ရေးသား လာခဲ့တာပဲ ဖြစ်ပါတယ်နော်။ပရိတ်သတ်တွေ ကလည်း ဟားငါးကောင် ရဲ့မွေးနေ့ လက်ဆောင်လေးကြောင့် မျက်ရည်ကျတဲ့ အ ထိ ကျေနပ်ပီ ဖြစ်ခဲ့ရပါတယ်။ဒီကနေ့မှာ ဆိုရင်လည်းအမေ့အတွက် မွေးနေ့ ကိတ်ကြီး နဲ့ နှင်းဆီပန်း တွေဝေ နေအောင် ပန်ပြီး ” အမေနဲ့အတူ” ဆိုတဲ့ စာလေး နဲ့ စပရိုက် လုပ်ခဲ့ကြတဲ့ ဟားငါးကောင် ရဲ့ ချစ်စရာကောင်း နေကြတဲ့ပုံရိပ်လေး ကို ပရိတ်သတ်ကြီး အားကြည်နူး ပီတိ ဖြစ်စေရန်တစ်ဆင့် ကူးယူ ဖော်ပြပေး လိုက်ပါတယ်နော်..။

Source ; Taingkyaw Facebook Acc

ZAWGYI



