ပရိသတ္ႀကီးေရ ဆြဲေဆာင္မႈရွိၿပီး အသံပါဝါေကာင္းေကာင္း နဲ႔ သီခ်င္းေကာင္းေလးေတြ ကို သီဆိုေဖ်ာ္ေၿဖ တတ္သလို သြယ္လ်တဲ့ သူမရဲ့ခႏၶာကိုယ္ အခ်ိဳးအစားေလးနဲ႔ လိုက္ဖက္လြန္းတဲ့ ဖက္ရွင္ေလး ေတြေၾကာင့္လည္း ပရိသတ္ေတြၾကား ေရပန္းစား ခဲ့သူေလးကေတာ့ ဆိုဖီယာပဲ ျဖစ္ပါတယ္။

သူမဟာ ခုဆိုရင္ေန႔စဥ္တိုင္းလိုလို ျပည္သူေတြ နဲ႔အတူ လမ္းမထြက္ကာ မေမာမပန္းနိုင္ဘဲ ေရွ႕ကေန ဦးေဆာင္ကာ တက္တက္ ႂကြႂကြ လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့တာေၾကာင့္ ျပည္သူပရိသတ္ေတြကလည္းေလးစားေနရတာပါ။အလႉအတန္းေတြ မွာလည္း လက္မေႏွးဘဲ တတ္နိုင္ သေလာက္ပါဝင္လႉဒါန္းေလ့ရွိတဲ့ ဆိုဖီယာကေတာ့ လူထူလႈပ္ရွားမႈ ျပဳလုပ္ေနၾကတဲ့ ျပည္သူေတြကိုလည္း စားေသာက္ဖြယ္ရာ ေတြ မၾကာခဏလႉေလ့ရွိတာျဖစ္ပါတယ္။

အခုလည္း ယုံၾကည္ခ်က္ေတြ နဲ႔ေနပူထဲ လႈပ္ရွားမႈေတြျပဳလုပ္ေန တဲ့ျပည္သူေတြကို အစားအေသာက္မ်ားစြာ ရက္ရက္ေရာေရာ ကိုယ္တိုင္ေဝငွခဲ့ျပန္ပါတယ္။ ဒါ့အျပင္ မနက္ဖန္မွာလည္း ျပည္သူေတြနဲ႔အတူလမ္းေပၚထြက္ကာ လႈပ္ရွားမႈျပဳ လုပ္ရန္ အားအင္အျပည့္ျဖစ္ေန ေၾကာင္းကိုလည္း “မနက္ျဖန္ အတြက္ အားအင္ အျပည့္ပဲေဟး ကိုနိုင္တဲ့ဘက္က စဖို႔ ready ပဲ Self-Defense က အရမ္း အေရးႀကီးပါတယ္ ကာကြယ္ ပါ စည္းလုံးပါ မျဖစ္မေန ထြက္ပါ”စာေလးကိုေဝမၽွခဲ့ပါတယ္။ ဆိုဖီယာရဲ့ပုံေလးေတြကိုျပန္လည္မၽွေဝေပးရင္း ျပည္သူအားလုံးလည္း ေဘးအႏၲရာယ္ကင္းရွင္းၿပီး ယုံၾကည္ခ်က္ေတြအျမန္ျပည့္ဝပါေစဆုေတာင္းေပးလိုက္ပါတယ္။

Source & Photo Credit : Sophia Everest Facebook Account

unicode

ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိပြီး အသံပါဝါကောင်းကောင်း နဲ့ သီချင်းကောင်းလေးတွေ ကို သီဆိုဖျော်ဖြေ တတ်သလို သွယ်လျတဲ့ သူမရဲ့ခန္ဓာကိုယ် အချိုးအစားလေးနဲ့ လိုက်ဖက်လွန်းတဲ့ ဖက်ရှင်လေး တွေကြောင့်လည်း ပရိသတ်တွေကြား ရေပန်းစား ခဲ့သူလေးကတော့ ဆိုဖီယာပဲ ဖြစ်ပါတယ်။

သူမဟာ ခုဆိုရင်နေ့စဉ်တိုင်းလိုလို ပြည်သူတွေ နဲ့အတူ လမ်းမထွက်ကာ မမောမပန်းနိုင်ဘဲ ရှေ့ကနေ ဦးဆောင်ကာ တက်တက် ကြွကြွ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် ပြည်သူပရိသတ်တွေကလည်းလေးစားနေရတာပါ။အလှူအတန်းတွေ မှာလည်း လက်မနှေးဘဲ တတ်နိုင် သလောက်ပါဝင်လှူဒါန်းလေ့ရှိတဲ့ ဆိုဖီယာကတော့ လူထူလှုပ်ရှားမှု ပြုလုပ်နေကြတဲ့ ပြည်သူတွေကိုလည်း စားသောက်ဖွယ်ရာ တွေ မကြာခဏလှူလေ့ရှိတာဖြစ်ပါတယ်။

အခုလည်း ယုံကြည်ချက်တွေ နဲ့နေပူထဲ လှုပ်ရှားမှုတွေပြုလုပ်နေ တဲ့ပြည်သူတွေကို အစားအသောက်များစွာ ရက်ရက်ရောရော ကိုယ်တိုင်ဝေငှခဲ့ပြန်ပါတယ်။ ဒါ့အပြင် မနက်ဖန်မှာလည်း ပြည်သူတွေနဲ့အတူလမ်းပေါ်ထွက်ကာ လှုပ်ရှားမှုပြု လုပ်ရန် အားအင်အပြည့်ဖြစ်နေ ကြောင်းကိုလည်း “မနက်ဖြန် အတွက် အားအင် အပြည့်ပဲဟေး ကိုနိုင်တဲ့ဘက်က စဖို့ ready ပဲ Self-Defense က အရမ်း အရေးကြီးပါတယ် ကာကွယ် ပါ စည်းလုံးပါ မဖြစ်မနေ ထွက်ပါ”စာလေးကိုဝေမျှခဲ့ပါတယ်။ ဆိုဖီယာရဲ့ပုံလေးတွေကိုပြန်လည်မျှဝေပေးရင်း ပြည်သူအားလုံးလည်း ဘေးအန္တရာယ်ကင်းရှင်းပြီး ယုံကြည်ချက်တွေအမြန်ပြည့်ဝပါစေဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit : Sophia Everest Facebook Account