


Credit ; Famous Stars

UNICODE

ပရိတ်သတ် ကြီးရေ….ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ တေးသံရှင် ပိုပို ဟာဆိုရင် ချိုမြိန် ထိရှတဲ့ အချစ် သီချင်းတွေကို ကိုယ်တိုင် ရေး ကိုယ်တိုင်သီဆိုခဲ့တာကြောင့် ပရိတ်သတ် တွေရဲ့ အားပေး ချစ်ခင်မှု ကို အပြည့်အဝ ရရှိထားတာပဲ ဖြစ်ပါတယ်နော်…။

အဆိုတော် ပိုပို ကတော့ ယခု ဖြစ်ပေါ် နေတဲ့ အခြေအနေ မှာ ပြည်သူလူထု နဲ့ အတူ တသားတည်း ရပ်တည်ပြီး လူထု လှုပ်ရှား မှုမှာ တက်ကြွစွာ နဲ့ ပါဝင်လှုပ်ရှားခဲ့တာပဲ ဖြစ်ပါတယ်။အဆိုတော် ပိုပို ဟာဆိုရင် လူထု လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက် စစ်ကောင်စီက ပုဒ်မ (၅၀၅) က ဖြင့်တရားစွဲဆို ခံထားရတာပဲ ဖြစ်ပါတယ်နော်.။

ယနေ့ ညနေ( ၃ )နာရီအချိန်မှာ အဆိုတော် ပိုပို က ဖမ်းဆီးခံ လိုက်ရကြောင်း သူမရဲ့ မန်နေဂျာ ပို့စ်တင်ပြချက်အရ သိရပါတယ်နော်။ ပိုပို တစ်ယောက် အန္တရယ်ကင်းစွာနဲ့ အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့ အတွက် ပရိတ်သတ်ကြီး ကလည်း ဆုတောင်းပေးကြပါအုံးနော်…။

Credit ; Famous Stars