ပရိသတ်ကြီးရေ ပြည်သူတွေ ရဲ့အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယို ဝါရင့် ဟာသ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဦးစံမတူ ကတော့ ဒီနေ့ သြဂုတ်လ (၃)ရက်နေ့မှာ ဆုံးပါးကွယ်လွန်သွားကြောင်း သိရှိရပါတယ် ပရိသတ်ကြီးရေ။ ကွယ်လွန်သွားချိန်မှာတော့ ဦးစံမတူဟာ အသက် ( ၉၀) အရွယ်ကိုရောက်ရှိနေခဲ့ပါပြီ။

အခုလို ဦးစံမတူတစ်ယောက် ဆုံးပါးသွားတဲ့ သတင်းလေးကို ရုပ်ရှင် နဲ့ ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော်တစ်ယောက်ဖြစ်တဲ့ ဦးကောင်းကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “ရုပ်ရှင် နှင့် ဗီဒီယို ဝါရင့် ဟာသသရုပ်ဆောင် ဦးစံမတူ ကွယ်လွန်သွားပြန်ပါပြီဗျာ” ပရိသတ်တွေကို အခုလိုပဲအသိပေးလာခဲ့တာပဲဖြစ်ပါတယ်။ ဦးစံမတူတစ်ယောက်ကောင်းရာဘုံဘဝကို ရောက်ရှိစေဖို့လည်း ဆုတောင်းပေးထားပါသေးတယ်။

ပရိသတ်တွေကလည်း ဦးစံမတူနဲ့ ပတ်သက်တဲ့ အမှတ်တရတွေရယ် အခုလို ဝါရင့်အနုပညာရှင်တွေကြွေလွှင့်သွားတဲ့ အတွက် နှမြောတသသဖြစ်ရကြောင်းလည်း မှတ်ချက်ပေးပြောဆိုနေပြီး ကောင်းရာဘုံဘဝကို ရောက်ရှိနေဖို့ ဆုမွန်ကောင်းတောင်းပေးနေကြပါသေးတယ်။ ပရိသတ်ကြီးတွေ ကိုလည်း ဦးစံမတူကွယ်လွန်တဲ့ သတင်းလေးကို စိတ်မကောင်းစွာ နဲ့ ပဲမျှဝေဖော်ပြ လိုက်ပါတယ်။

Source – U Kaung Kyaw

ZAWGYI




Source – U Kaung Kyaw