ေမာ္ဒယ္ သ႐ုပ္ေဆာင္ ပိုင္တံခြန္ကို ဒီေန႔ နံနက္ အေစာပိုင္း ၅ နာရီေလာက္မွာ စစ္ေကာင္စီ တပ္ေတြက လာေရာက္ဖမ္းဆီးသြားတယ္လို႔ အမျဖစ္သူရဲ့ Facebook စာမ်က္ႏွာမွာ ေရးသားထားပါတယ္။ပိုင္တံခြန္ကို ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (က) နဲ႔ တရားစြဲဆို အမႈဖြင့္ထားေၾကာင္း မေန႔ညက စစ္တပ္ပိုင္ျမဝတီသတင္းဌာနကေန ေၾကညာၿပီးေနာက္ ဒီေန႔ နံနက္ အေစာပိုင္းမွာ ဖမ္းခံရတာျဖစ္ပါတယ္။

“ဒီေန႔ မနက္ ၅နာရီမွာ ရဲနဲ႔စစ္သား ကား ၈ စီးနဲ႔ ၊ ပိုင္တံခြန္ကို လာဖမ္းသြားၾကပါၿပီ၊ ေျမာက္ဒဂုံအိမ္မွာ လာဖမ္းသြားတာပါ၊ Speak Out မ်ားမ်ားေလး လုပ္ေပးၾကပါ၊ က်န္းမားေရး အရမ္းဆိုးေနလို႔ ဝိုင္းဝန္းဆုေတာင္းေပးၾကပါဦးဗ်ာ” လို႔ အမျဖစ္သူ ေမခ်စ္ေသြးက Facebook မွာေရးထားပါတယ္။“က်ေနာ္ က်န္းမာေရး မေကာင္းျဖစ္ေနတာ ရက္ေတာ္ေတာ္ ၾကာပါၿပီ၊ ျမန္မာျပည္ႀကီး အျမန္ဆုံး ၿငိမ္းခ်မ္းမႈေတြရၿပီး က်န္းမာပါေစလို႔၊ က်ေနာ္ ဘုရားရွိခိုးတိုင္းဆုေတာင္းေပးေနပါတယ္ခင္ဗ်ာ၊ အားနာစြာနဲ႔ပဲ က်ေနာ့္ကို လည္း က်န္းမာေရး အျမန္ဆုံးေကာင္းေအာင္ ဆုေတာင္းေပးပါခင္ဗ်ာ” လို႔ အဖမ္းမခံရခင္ ပိုင္တံခြန္က သူ႔ Facebook မွာေရးသားခဲ့ပါတယ္။

ေမာ္ဒယ္ သ႐ုပ္ေဆာင္ ပိုင္တံခြန္ဟာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းလိုက္ခ်ိန္ကစၿပီး စစ္အာဏာရွင္ ဆန႔္က်င္ေရး လမ္းမေပၚထြက္ ဆႏၵျပပြဲေတြမွာ တက္တက္ႂကြႂကြပါဝင္ခဲ့ပါတယ္။အာဏာသိမ္းစစ္ေကာင္စီ ဟာ စစ္အာဏာရွင္ ဆန႔္က်င္ေရး လူထုလႈပ္ရွားမႈေတြမွာပါဝင္တဲ့ အႏုပညာရွင္ေတြကို ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅(က) နဲ႔ ဆက္တိုက္တရားစြဲဆိုေနၿပီး လိုက္လံဖမ္းဆီး ေနပါတယ္။တရားစြဲခံရသူ အေယာက္ ၁၂၀ ေက်ာ္ ရွိၿပီး၊ ဖမ္းဆီးခံရသူက ၁ဝ ဦးခန႔္ရွိပါၿပီ။လက္ရွိဖမ္းဆီးခံေနရသူေတြထဲမွာ စာေရးဆရာမ ေဒၚသန္းျမင့္ေအာင္၊ ဒါရိုက္တာလူမင္း၊ စာေရးဆရာ ေမာင္သာခ်ိဳ၊ လူရႊင္ေတာ္ဇာဂနာ၊ သ႐ုပ္ေဆာင္ ရဲတိုက္၊ အဆိုေတာ္ ေစာဖိုးခြားနဲ႔ ေဖ့စ္ဘြတ္မွာ နာမည္ႀကီးတဲ့ ဘေလာ့ဂါ ဝင္းမင္းသန္း စသူေတြပါဝင္ပါတယ္။

Crd TMY UpdateNew

unicode

မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ကို ဒီနေ့ နံနက် အစောပိုင်း ၅ နာရီလောက်မှာ စစ်ကောင်စီ တပ်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ အမဖြစ်သူရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။ပိုင်တံခွန်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို အမှုဖွင့်ထားကြောင်း မနေ့ညက စစ်တပ်ပိုင်မြဝတီသတင်းဌာနကနေ ကြေညာပြီးနောက် ဒီနေ့ နံနက် အစောပိုင်းမှာ ဖမ်းခံရတာဖြစ်ပါတယ်။

“ဒီနေ့ မနက် ၅နာရီမှာ ရဲနဲ့စစ်သား ကား ၈ စီးနဲ့ ၊ ပိုင်တံခွန်ကို လာဖမ်းသွားကြပါပြီ၊ မြောက်ဒဂုံအိမ်မှာ လာဖမ်းသွားတာပါ၊ Speak Out များများလေး လုပ်ပေးကြပါ၊ ကျန်းမားရေး အရမ်းဆိုးနေလို့ ဝိုင်းဝန်းဆုတောင်းပေးကြပါဦးဗျာ” လို့ အမဖြစ်သူ မေချစ်သွေးက Facebook မှာရေးထားပါတယ်။“ကျနော် ကျန်းမာရေး မကောင်းဖြစ်နေတာ ရက်တော်တော် ကြာပါပြီ၊ မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းမှုတွေရပြီး ကျန်းမာပါစေလို့၊ ကျနော် ဘုရားရှိခိုးတိုင်းဆုတောင်းပေးနေပါတယ်ခင်ဗျာ၊ အားနာစွာနဲ့ပဲ ကျနော့်ကို လည်း ကျန်းမာရေး အမြန်ဆုံးကောင်းအောင် ဆုတောင်းပေးပါခင်ဗျာ” လို့ အဖမ်းမခံရခင် ပိုင်တံခွန်က သူ့ Facebook မှာရေးသားခဲ့ပါတယ်။

မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ချိန်ကစပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လမ်းမပေါ်ထွက် ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။အာဏာသိမ်းစစ်ကောင်စီ ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာပါဝင်တဲ့ အနုပညာရှင်တွေကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ ဆက်တိုက်တရားစွဲဆိုနေပြီး လိုက်လံဖမ်းဆီး နေပါတယ်။တရားစွဲခံရသူ အယောက် ၁၂၀ ကျော် ရှိပြီး၊ ဖမ်းဆီးခံရသူက ၁ဝ ဦးခန့်ရှိပါပြီ။လက်ရှိဖမ်းဆီးခံနေရသူတွေထဲမှာ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဒါရိုက်တာလူမင်း၊ စာရေးဆရာ မောင်သာချို၊ လူရွှင်တော်ဇာဂနာ၊ သရုပ်ဆောင် ရဲတိုက်၊ အဆိုတော် စောဖိုးခွားနဲ့ ဖေ့စ်ဘွတ်မှာ နာမည်ကြီးတဲ့ ဘလော့ဂါ ဝင်းမင်းသန်း စသူတွေပါဝင်ပါတယ်။

Crd TMY UpdateNew