


UNICODE

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် ထားတဲ့ အနုပညာရှင် စာရင်းထဲမှာ ဟာသ သရုပ်ဆောင် ဇာဂနာ တစ်ယောက် ပါဝင်ခြင်း မရှိပေမယ့် ဖမ်းဆီးခံလိုက်ရပြီလို့ သိရ ပါတယ်။ဒီကနေ့ ဧပြီလ( ၆ ) ရက်နေ့ မနက် အစောပိုင်းမှာ သရုပ်ဆောင် ဇာဂနာ ကို စစ်ကောင်စီ က ဖမ်းဆီး သွားခဲ့ပါတယ်။

သရုပ်ဆောင် ဇာဂနာ ရဲ့ နေအိမ် ဖြစ်တဲ့( ၁၆၆ ) လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ ကို စစ်ကား ( ၂ ) စီးဖြင့် ရောက်ရှိ လာပြီး ခေါ်ဆောင် သွားခဲ့တာပါ။ဟာသသရုပ်ဆောင် ငှက်ပြောကြော် က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ “ဇာဂနာ ပါသွားပီ…..” လို့ ရေးသား အသိပေး ထားပါ သေးတယ်။

Credit ; Shwe Yaung Myanmar