႐ုပ္ရွင္ သ႐ုပ္ေဆာင္ အကယ္ဒမီ ဇင္ဝိုင္းကို ဒီေန႔ ဧၿပီ ၁၅ ရက္ သၾကၤန္အၾကတ္ေန႔ ညေနပိုင္းမွာ စစ္ေကာင္စီ ရဲ့ လုံျခဳံေရးတပ္ဖြဲ႕ဝင္ ေတြက လာေရာက္ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း သားျဖစ္သူ ကိုၾကည္သာေဌးလြင္ က ေရးသားထားပါတယ္။

ဇင္ဝိုင္းဟာ ေဖေဖာ္ဝါရီ ၁ ရက္ အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္း စစ္အာဏာသိမ္းမႈ ဆန႔္က်င္ ေၾကာင္း လမ္းေပၚထြက္ ဆႏၵျပပြဲေတြမွာ ပါဝင္ခဲ့ၿပီး လူငယ္ေတြဦးေဆာင္တဲ့ ဆႏၵျပပြဲတခ်ိဳ႕ ကို စစ္ေကာင္စီ တပ္ေတြ ဝင္ေရာ က္ၿဖိဳခြဲမႈ တခ်ိဳ႕မွာ ပါဝင္ ျဖန္ေျဖခဲ့ သူလည္း ျဖစ္ပါတယ္။

အခုဆိုရင္ နိုင္ငံေတာ္ အၾကည္ညိဳပ်က္ ေစမႈ ပုဒ္မ ၅၀၅ က နဲ႔ စစ္ေကာင္စီက တရားစြဲၿပီး ဖမ္းဝရမ္း ထုတ္ခံရတဲ့ အႏုပညာရွင္ ေတြထဲ လူမင္း ၊ ရဲတိုက္၊ ဝင္းမင္းသန္း၊ ပိုင္တံခြန္ ၊ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္ ၊ ပိုပိုတို႔ ဖမ္းဆီးခံ ထားရသလို ပုဒ္မ ၅၀၅ ထဲ မပါေပမယ့္ လူရႊင္ေတာ္ ဇာဂနာ လည္း ဖမ္းဆီးခံထားရပါတယ္။

ဇင္ဝိုင္းကို ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔ တည္းက စစ္ေကာင္စီ က လူမင္း ၊ R ဇာနည္ ၊ ၎ရဲ့ သားျဖစ္သူ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းတို႔ နဲ႔ အတူ ပုဒ္မ ၅၀၅ က နဲ႔ စစ္ေကာင္စီက တရား စြဲခဲ့တာ ျဖစ္ပါတယ္။

Credit..THU HAN SOE

UNICODE

ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဇင်ဝိုင်းကို ဒီနေ့ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ ညနေပိုင်းမှာ စစ်ကောင်စီ ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သားဖြစ်သူ ကိုကြည်သာဌေးလွင် က ရေးသားထားပါတယ်။

ဇင်ဝိုင်းဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း စစ်အာဏာသိမ်းမှု ဆန့်ကျင် ကြောင်း လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတချို့ ကို စစ်ကောင်စီ တပ်တွေ ဝင်ရော က်ဖြိုခွဲမှု တချို့မှာ ပါဝင် ဖြန်ဖြေခဲ့ သူလည်း ဖြစ်ပါတယ်။

အခုဆိုရင် နိုင်ငံတော် အကြည်ညိုပျက် စေမှု ပုဒ်မ ၅၀၅ က နဲ့ စစ်ကောင်စီက တရားစွဲပြီး ဖမ်းဝရမ်း ထုတ်ခံရတဲ့ အနုပညာရှင် တွေထဲ လူမင်း ၊ ရဲတိုက်၊ ဝင်းမင်းသန်း၊ ပိုင်တံခွန် ၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင် ၊ ပိုပိုတို့ ဖမ်းဆီးခံ ထားရသလို ပုဒ်မ ၅၀၅ ထဲ မပါပေမယ့် လူရွှင်တော် ဇာဂနာ လည်း ဖမ်းဆီးခံထားရပါတယ်။

ဇင်ဝိုင်းကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ တည်းက စစ်ကောင်စီ က လူမင်း ၊ R ဇာနည် ၊ ၎င်းရဲ့ သားဖြစ်သူ သရုပ်ဆောင် မင်းမော်ကွန်းတို့ နဲ့ အတူ ပုဒ်မ ၅၀၅ က နဲ့ စစ်ကောင်စီက တရား စွဲခဲ့တာ ဖြစ်ပါတယ်။

Credit..THU HAN SOE