Source: Aung Min Khant
unicode
ခုတစ်လော ပရိသတ်တွေအားပေး ကြမ်းနေတဲ့ အောင်မင်းခန့် နဲ့ ယွန်းယွန်း ၊ စည်သူဝင်းနဲ့ သဇင်ထူးမြင့် တို့အတွဲ ကိုယ်စီ ချစ်သူချင်း ပိုချစ် ပိုရိုနိုင်တဲ့အတွဲက အမှတ်ပိုရတဲ့ Double Dating အစီအစဉ်လေးမှာ ပါဝင်ကြတဲ့ သူတို့လေးယောက် လူတိုင်းချစ်နေ မယ်ဆိုတာ အသေချာပါပဲနော်…
ခုဆိုရင် အတွဲညီလှတဲ့ လေးယောက်စလုံးကလည်း ကြော်ငြာတွေကို လည်း အတူလက်ခံရိုက်ကူးနေရပြီး အမြဲတန်း လူစုံပြီး အမြဲခွီနေကြတဲ့ သူတို့လေးတွေကို အပြင်မှာလည်း တကယ့်ကို ချစ်သူတွေ ဖြစ်စေချင်ကြပါပြီဆိုပြီး အားပေးနေကြတဲ့ Fans တွေကလည်း အများကြီး ဖြစ်လို့နေပါပြီ…အားပေးကြမ်းတဲ့ Fans တွေကြောင့်လည်း မကြာခင်ရက်ပိုင်းကမှ ယွန်းယွန်းက အရမ်းကို ချစ်ပေးပြီး Ship ပေးကြတာမို့ စိတ်ထဲတစ်မျိုးကြီး ခံစားရတယ်လို့ ရင်ဖွင့်လာခဲ့သလို ဒီနေ့မှာလည်း ပုဂံသူလေးရဲ့ ကို က …
Double Dating အဖွဲ့သားတွေကို အားပေး ကြမ်းလို့ အရမ်းဝမ်း သာတယ်ဗျာ… ကျနော်လဲ ပုဂံသူလေး ကို လောင်းရိပ်အောက်မှာပဲ ထားတယ်..စိတ်ချ …ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာ ကောင်းတဲ့ ပုံလေးတွေ ကို တင်ထားခဲ့တာကြောင့် အောင်မင်းခန့်ရဲ့ ပို့စ်အောက်မှာတော့ ကိုနဲ့ အာပူးလေး ကိုအပြင်မှာပါ တကယ်ချစ်ပေးပါလို့တောင်း ဆိုနေကြပါပြီနော်..ပရိသတ်ကြီးလည်း ကိုနဲ့ ပုဂံသူလေးတို့ရဲ့ ချစ်စရာ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါ တယ်နော်…
Source: Aung Min Khant