နိုင္ငံေက်ာ္ ထိပ္တန္း မင္းသားတစ္ေယာက္ျဖစ္တဲ့ ေနတိုး ကေတာ့ ပရိသတ္ေတြ ရဲ့ အားေပးမႈ ေၾကာင့္ ေအာင္ျမင္တဲ့ ေနရာကိုေရာက္ရွိလာသူ ပီပီ ပရိသတ္၊ မိဘျပည္သူ ေတြအေပၚ အလြန္ေလးစား သူတစ္ေယာက္ ျဖစ္ပါတယ္။ ေနတိုး ကေတာ့ သူရရွိတဲ့ အႏုပညာေၾကးေတြ နဲ႔ အလႉအတန္းေတြ မ်ားစြာကို ျပဳလုပ္ခဲ့သလို ကိုဗစ္ကာလ အတြင္းမွာလည္း အလႉေငြ သိန္း (၂၀၀) နီးပါးကို လိုအပ္ေနတဲ့ ေနရာေတြ နဲ႔ စားဝတ္ ေနေရး ခက္ခဲေနၾကတဲ့ အႏုပညာ ညီအစ္ကိုေမာင္ႏွမေတြကို ခြဲေဝ လႉဒါန္းခဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။ စိတ္ရင္း ေကာင္းၿပီး ေစတနာ ေကာင္းတဲ့ ေနတိုး ကို ပရိသတ္ေတြကလည္း တစ္ေန႔ ထက္တစ္ေန႔ ပိုခ်စ္ၿပီး အားေပး ၾကတာပဲ ျဖစ္ပါတယ္။

ဒီကေန႔ (၂၀၂၁) ခုႏွစ္ ဇန္နဝါရီလ (၁) ရက္ေန႔ မွာေတာ့ ေနတိုး က သူ႔ရဲ့ ႏွစ္စကို မဂၤလာရွိတဲ့ အလႉေလး တစ္ခုကို ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ေနတိုးက ရန္ကုန္ၿမိဳ႕ အလိုေတာ္ျပည့္ ေက်ာင္းတိုက္မွာ ရခိုင္ျပည္နယ္ စစ္ေဘးေရွာင္ျပည္သူမ်ား အတြက္ အသၽွင္ကုမာရထံ အလႉေငြက်ပ္ (၅) သိန္းတိတိကို လႉဒါန္းၿပီး ႏွစ္သစ္ဦး အလႉေလး တစ္ခုကို ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။

ေနတိုးကေတာ့ ႏွစ္တစ္ႏွစ္ ရဲ့ အစကို မဂၤလာရွိတဲ့ အလႉေလး တစ္ခုကို ျပဳလုပ္ရင္း မဂၤလာ ရွိစြာ ျဖတ္သန္း ခဲ့ၿပီ ျဖစ္ပါတယ္။ ပရိသတ္ႀကီး လည္း ေနတိုးရဲ့ မဂၤလာဦး အလႉေလး ကို ဝမ္းေျမာက္စြာ သာဓု ေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈ ေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစ လို႔ဆုေတာင္းေပး လိုက္ပါတယ္။

Source: Nay Toe’s fb
Bilie – Cele Connections

UNICODE

နိုင်ငံကျော် ထိပ်တန်း မင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုး ကတော့ ပရိသတ်တွေ ရဲ့ အားပေးမှု ကြောင့် အောင်မြင်တဲ့ နေရာကိုရောက်ရှိလာသူ ပီပီ ပရိသတ်၊ မိဘပြည်သူ တွေအပေါ် အလွန်လေးစား သူတစ်ယောက် ဖြစ်ပါတယ်။ နေတိုး ကတော့ သူရရှိတဲ့ အနုပညာကြေးတွေ နဲ့ အလှူအတန်းတွေ များစွာကို ပြုလုပ်ခဲ့သလို ကိုဗစ်ကာလ အတွင်းမှာလည်း အလှူငွေ သိန်း (၂၀၀) နီးပါးကို လိုအပ်နေတဲ့ နေရာတွေ နဲ့ စားဝတ် နေရေး ခက်ခဲနေကြတဲ့ အနုပညာ ညီအစ်ကိုမောင်နှမတွေကို ခွဲဝေ လှူဒါန်းခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ စိတ်ရင်း ကောင်းပြီး စေတနာ ကောင်းတဲ့ နေတိုး ကို ပရိသတ်တွေကလည်း တစ်နေ့ ထက်တစ်နေ့ ပိုချစ်ပြီး အားပေး ကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ (၂၀၂၁) ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ မှာတော့ နေတိုး က သူ့ရဲ့ နှစ်စကို မင်္ဂလာရှိတဲ့ အလှူလေး တစ်ခုကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ နေတိုးက ရန်ကုန်မြို့ အလိုတော်ပြည့် ကျောင်းတိုက်မှာ ရခိုင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများ အတွက် အသျှင်ကုမာရထံ အလှူငွေကျပ် (၅) သိန်းတိတိကို လှူဒါန်းပြီး နှစ်သစ်ဦး အလှူလေး တစ်ခုကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

နေတိုးကတော့ နှစ်တစ်နှစ် ရဲ့ အစကို မင်္ဂလာရှိတဲ့ အလှူလေး တစ်ခုကို ပြုလုပ်ရင်း မင်္ဂလာ ရှိစွာ ဖြတ်သန်း ခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း နေတိုးရဲ့ မင်္ဂလာဦး အလှူလေး ကို ဝမ်းမြောက်စွာ သာဓု ခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှု ပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေး လိုက်ပါတယ်။

Source: Nay Toe’s fb
Bilie – Cele Connections