သီခ်င္းေကာင္းေလးေတြကို ကိုယ္တိုင္ေရးသားသီဆို တတ္ၿပီး ေအာင္ျမင္မႈေတြရရွိေနတဲ့ ရခိုင္တိုင္းရင္းသား အဆိုေတာ္ေလးျဖစ္တဲ့ရွိုင္းကို ပရိသတ္ႀကီးအားလုံး သိၾကမယ္ထင္ပါတယ္။ အခုဆိုရင္လည္း ရွိုင္းဟာလူထုလႈပ္ရွားမႈေတြမွာအားတက္သေရာ ပါ၀င္ေနတာျဖစ္တဲ့အျပင္ ရခိုင္ျပည္၊ေျမာက္ဦးၿမိဳ႕နယ္၊တိမ္ညိဳစစ္ေဘးေရွာင္စခန္း မီးေဘးသင့္အတြက္ လည္းတတ္နိုင္တဲ့ဘက္ကေန အလႉေငြ ေကာက္ခံကာလႉဒါန္းေပးေနတာျဖစ္ပါတယ္။

ဒီအေၾကာင္းအရာေလးကို ရွိုင္းဟာသူ႔ရဲ့ Facebook စာမ်က္ႏွာမွာ “ဝမ္းသာလြန္းလို႔ မ်က္ရည္ေတာင္ဝဲတယ္ဗ်ာ . . . 🙏🏻🥺ဒီေန႔ ရခိုင္ျပည္ ၊ ေျမာက္ဦးၿမိဳ႕နယ္ တိမ္ညိဳစစ္ေဘးေရွာင္စခန္း မီးေဘးသင့္ အတြက္ အလႉခံ post တင္ၿပီးတဲ့ အခ်ိန္ကစၿပီး အလႉရွင္ေတြ အားရပါးရ ဝိုင္းလႉလိုက္ ၾကတာ အခုလက္ရွိ ဒီ post တင္ခ်ိန္ အထိ အလႉေငြ စုစုေပါင္း သိန္း ၁၄၀၇၆၁၇၈ က်ပ္ ( သိန္း တစ္ရာ့ေလးဆယ္ ခုႏွစ္ေသာင္းေျခာက္ေထာင္တစ္ရာခုႏွစ္ဆယ့္ရွစ္က်ပ္ ) တိတိကို လက္ခံရရွိခဲ့ပါတယ္ . . . ဒါေတာင္ ေငြလႊဲလက္ခံတဲ့ ဘဏ္ acc ေတြ ဒီေန႔အတြက္ amount limit ျပည့္သြားလို႔ မလႉ လိုက္ရပဲ ေနာက္ေန႔ ထပ္လႉမယ့္အလႉရွင္ေတြ လာေျပာထားတာေတြ က်န္ပါေသးတယ္ ။

“ကၽြန္ေတာ့္အေနနဲ႔ ဒီမီးေဘးသင့္ အတြက္ အလႉေငြေတြကို ၂၀ ရက္ေန႔မနက္ပိုင္းေလာက္ထိ ေကာက္ခံ ေပးသြားမွာျဖစ္ပါတယ္ . . . ဘဏ္ထဲကအလႉေငြေတြကို အျပင္မွာ ေငြသားထုတ္ယူဖို႔အခက္အခဲေတြကို ေျဖရွင္းဖို႔ရယ္ ၊ မ်ားျပားလွတဲ့ အလႉရွင္ စာရင္းေတြကို စီစစ္ဖို႔ရယ္အတြက္လည္း အခ်ိန္ယူရဦးမွာ ျဖစ္တာမို႔ အလႉမွတ္တမ္းေတြ ၊ အလႉရွင္စာရင္းေတြကို သြားလႉၿပီးတဲ့ အခ်ိန္မွသာ အတတ္နိုင္ဆုံး အခ်ိန္ႏွင့္ တေျပးညီ တင္ေပးသြားပါ့မယ္ ခင္ဗ်ာ . . . ရခိုင္ျပည္အတြက္ စိတ္ပူေပးၿပီး ကၽြန္ေတာ့္ဆီမွာ ယုံယုံ ၾကည္ၾကည္နဲ႔ အလႉေငြ ထည့္ဝင္ေပးၾကတဲ့ အလႉရွင္တစ္ဦး တစ္ေယာက္စီတိုင္းကို ရင္ထဲကေန လွိုက္လွိုက္လွဲလွဲ ေက်းဇူးတင္ရွိပါေၾကာင္း ေျပာၾကားလိုပါတယ္ ခင္ဗ်ာ . . . 🙏🏻အဖရခိုင္ ျပည္ႀကီး ေအးခ်မ္းပါေစ . . . #Save_Arakan…..” ဆိုၿပီး ေရးသားေဖာ္ျပထားခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြ အတြက္ ျပန္လည္မၽွေဝေပးလိုက္ပါတယ္……။

သတင္းအရင္းျမစ္: SHINE’s Facebook page

unicode

သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ရေးသားသီဆို တတ်ပြီး အောင်မြင်မှုတွေရရှိနေတဲ့ ရခိုင်တိုင်းရင်းသား အဆိုတော်လေးဖြစ်တဲ့ရှိုင်းကို ပရိသတ်ကြီးအားလုံး သိကြမယ်ထင်ပါတယ်။ အခုဆိုရင်လည်း ရှိုင်းဟာလူထုလှုပ်ရှားမှုတွေမှာအားတက်သရော ပါဝင်နေတာဖြစ်တဲ့အပြင် ရခိုင်ပြည်၊မြောက်ဦးမြို့နယ်၊တိမ်ညိုစစ်ဘေးရှောင်စခန်း မီးဘေးသင့်အတွက် လည်းတတ်နိုင်တဲ့ဘက်ကနေ အလှူငွေ ကောက်ခံကာလှူဒါန်းပေးနေတာဖြစ်ပါတယ်။

ဒီအကြောင်းအရာလေးကို ရှိုင်းဟာသူ့ရဲ့ Facebook စာမျက်နှာမှာ “ဝမ်းသာလွန်းလို့ မျက်ရည်တောင်ဝဲတယ်ဗျာ . . . 🙏🏻🥺ဒီနေ့ ရခိုင်ပြည် ၊ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်း မီးဘေးသင့် အတွက် အလှူခံ post တင်ပြီးတဲ့ အချိန်ကစပြီး အလှူရှင်တွေ အားရပါးရ ဝိုင်းလှူလိုက် ကြတာ အခုလက်ရှိ ဒီ post တင်ချိန် အထိ အလှူငွေ စုစုပေါင်း သိန်း ၁၄၀၇၆၁၇၈ ကျပ် ( သိန်း တစ်ရာ့လေးဆယ် ခုနှစ်သောင်းခြောက်ထောင်တစ်ရာခုနှစ်ဆယ့်ရှစ်ကျပ် ) တိတိကို လက်ခံရရှိခဲ့ပါတယ် . . . ဒါတောင် ငွေလွှဲလက်ခံတဲ့ ဘဏ် acc တွေ ဒီနေ့အတွက် amount limit ပြည့်သွားလို့ မလှူ လိုက်ရပဲ နောက်နေ့ ထပ်လှူမယ့်အလှူရှင်တွေ လာပြောထားတာတွေ ကျန်ပါသေးတယ် ။

“ကျွန်တော့်အနေနဲ့ ဒီမီးဘေးသင့် အတွက် အလှူငွေတွေကို ၂၀ ရက်နေ့မနက်ပိုင်းလောက်ထိ ကောက်ခံ ပေးသွားမှာဖြစ်ပါတယ် . . . ဘဏ်ထဲကအလှူငွေတွေကို အပြင်မှာ ငွေသားထုတ်ယူဖို့အခက်အခဲတွေကို ဖြေရှင်းဖို့ရယ် ၊ များပြားလှတဲ့ အလှူရှင် စာရင်းတွေကို စီစစ်ဖို့ရယ်အတွက်လည်း အချိန်ယူရဦးမှာ ဖြစ်တာမို့ အလှူမှတ်တမ်းတွေ ၊ အလှူရှင်စာရင်းတွေကို သွားလှူပြီးတဲ့ အချိန်မှသာ အတတ်နိုင်ဆုံး အချိန်နှင့် တပြေးညီ တင်ပေးသွားပါ့မယ် ခင်ဗျာ . . . ရခိုင်ပြည်အတွက် စိတ်ပူပေးပြီး ကျွန်တော့်ဆီမှာ ယုံယုံ ကြည်ကြည်နဲ့ အလှူငွေ ထည့်ဝင်ပေးကြတဲ့ အလှူရှင်တစ်ဦး တစ်ယောက်စီတိုင်းကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ် ခင်ဗျာ . . . 🙏🏻အဖရခိုင် ပြည်ကြီး အေးချမ်းပါစေ . . . #Save_Arakan…..” ဆိုပြီး ရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်……။

သတင်းအရင်းမြစ်: SHINE’s Facebook page