



unicode

သင်ဇာကတော့ အလန်းစားဖက်ရှင် တွေနဲ့ ညို့အားပြင်းတဲ့ အမိုက်စားပုံလေး တွေ ဗီဒီယိုလေးတွေကို အမြဲဝေမျှ လေ့ရှိသူလေးဖြစ်ပါတယ်။ အသားအရည်ဖြူဥပြီး ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပတဲ့ သင်ဇာဝင့်ကျော်က ဆွဲဆောင်မှုရှိတဲ့ အလှပိုင်ရှင်လေး ဖြစ်တာကြောင့် ဘာဝတ်ဝတ်လှပနေတာ ဖြစ်ပါတယ်။ သင်ဇာက ခေါင်းအစခြေအဆုံး အပြစ်ဆို ဖွယ်မရှိအောင်လှရက်နေတာလည်း ဖြစ်ပါတယ်။

အမြဲတမ်းလိုလို GYM ဆော့ကစားသူလေး ဖြစ်တာကြောင့် သွယ်လျတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။အခုမှာတော့ အမိုက်စားဖန်တီးမှု တွေနဲ့အတူ ရေအောက်ကြမ်းပြင်ထက် မှာ သူမရဲ့ အလှတရားတွေနဲ့ ညို့ယူဖမ်းစားထားတဲ့ အလန်းစား ပုံလေးတွေကိုဖော်ပြ ထားတာတွေ့ရပါတယ်။ပုံလေးတိုင်းဟာ မြင်နေကျပုံစံတွေမဟုတ်တာကြောင့် လက်ရာမြောက်ပြီး ဆွဲဆောင်မှုရှိရှိ နဲ့လှရက်လွန်းနေတာလည်းဖြစ်ပါတယ်။

သင်ဇာရဲ့ sexy ကျကျ ဗီဒီယိုလေးတွေနဲ့ ပုံရိပ်လေးတွေဟာလည်း ပုရိသတွေကို ညို့ယူဖမ်းစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပရိသတ်ကြီး အတွက် သင်ဇာရဲ့ အမိုက်စားပုံလေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီး ကလည်း သင်ဇာရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်

Photo – Thin Zar Wint Kyaw