ပိုင်တံခွန် ဟာဆိုရင် ချစ်ဖို့ကောင်းပြီး ပြုံးချိုတဲ့ မျက်နှာလေးနဲ့ ပရိသတ်တွေရဲ့ အချစ်ကို အပြီးပိုင် ရရှိထားတဲ့ သူလေး ဖြစ်ပါတယ်။ ပိုင်တံခွန် က မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာ လောကထဲကို ၂၀၁၄ ခုနှစ်ကတည်းကဝင်ရောက်လာတဲ့ သူဖြစ်ပြီး တဟုန်ထိုး နာမည်ရအောင်မြင်ခဲ့တဲ့ သူ ဖြစ်ပါတယ်။

အခုအချိန်မှာဆိုရင်တော့ ပြည်သူ့ အချစ်တော်လေး ပိုင်တံခွန်က အနုပညာ လှုပ်ရှားမှုတွေကို အဆက်မပြတ်ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှားမှု ပုံရိပ်လေးတွေသာမက တစ်နေ့သာ လှုပ်ရှားမှု ပုံရိပ်လေးတွေကို အမြဲတင်ပေးနေကြဖြစ်တဲ့ ပိုင်တံခွန်က အခုတစ်ခေါက်မှာလည်း နှုတ်ခမ်းနီမလေးတွေကို ရင်တဖိုဖို ဖြစ်သွားစေမယ့် ဗီဒီယိုလေး ဝေမျှပေးလာခဲ့ပါတယ်။

ဗီဒီယိုလေးထဲမှာ စမတ်ကျကျနဲ့ ချစ်ဖို့ အရမ်းကောင်းနေတဲ့ ပြည်သူ့ မင်းသားလေး ပိုင်တံခွန်ကို တွေ့ရမှာပါနော်။ခွေးကလေးပိုက်ပြီး ရှုခင်းတွေနဲ့ အပြိုင် ချောမောနေတဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယို ဖိုင်လေးက မြင်ရသူ တွေကို အသဲတလှပ်လှပ် ရင်တဖိုဖို ဖြစ်သွားစေပါတယ်။ မြင်သူတိုင်း ကြွေသွားစေမယ့် ပြည်သူ့မင်းသားလေး ပိုင်တံခွန်ရဲ့ ဗီဒီယိုလေး ကို ပရိသတ်ကြီး အတွက်ဝေမျှပေးလိုက်ပါတယ်။

Paing Takhon’s Facebook

zawgyi



