


Credit:Cele Zone
Cele Secrets

ရင်နင့်အောင် ချစ်ခဲ့ရသူရဲ့ နှိမ့်ချဆက်ဆံမှုကို ခံခဲ့ရတာကြောင့် မခံချင်စိတ်နဲ့ ကြိုးစားရင်း ပိုင်ဆိုင်မှုများစွာ ရရှိခဲ့တဲ့ ဇာဇာထက်

တစ်ခါတလေမှာ ဘဝဟာထင်မှတ် မထားတာတွေကို လက်ဆောင်ပေး တတ်လွန်းတာကြောင့် လောကဓံကို ကြံ့ကြံ့ခံနိုင်ဖို့ ကြိုတင်ပြင်ဆင် ထားသင့်ပါတယ်။ ဇာဇာထက် ကတော့ ကြမ်းလွန်းတဲ့ ဘဝရိုက်ချက်တွေကြားမှာ လဲကျမသွားအောင် တွန်းကန်ရင်း ကိုယ်ပိုင် ဘဝကို တဖြည်းဖြည်းနဲ့ တည်ဆောက် လာခဲ့ရင်းမှ လက်ရှိမှာတော့ သူမဟာ ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်ပြီး သမ္မာအာဇီဝအလုပ်နဲ့ အောင်မြင်နေခဲ့ပါပြီ။

Sexy Model တစ်ယောက်ဖြစ်နေတဲ့ အချက်ပေါ်မှာ ဖိနင်းပြီးချိုးနှိမ်ကြသူ တွေကြောင့် မခံချင်စိတ်နဲ့ အပြည့်အဝကြိုးစားရင်း သူမရဲ့ကိုယ်ပိုင် အိမ်လေးကို အကောင်းဆုံး မွန်းမံနိုင်ခဲ့ပါ တယ်။ ဝေဖန်မှုတွေကိုဂရုမစိုက်ဘဲ ကိုယ်လျှောက်ရမယ့် လမ်းကိုသာ ဂရုတစိုက်နဲ့ လျှောက်သင့်ကြောင်းကို ဇာဇာထက်က သက်သေပြသွား လိုက်သလိုပါပဲ။

လက်ရှိမှာတော့ အဆင်ပြေသာယာနေပြီဖြစ်တဲ့ သူမရဲ့ ပုံရိပ်တွေကို ” နင်ထားသွားလို့ ငါပိုကြိုးစားဖြစ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် နင်ဆဲခဲ့ဖူးတဲ့ မိန်းမကြီးက အခုတော့ နင့်အနားကမိန်းမလှတွေထက် အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက် အဖြစ် ရပ်တည်နိုင်ခဲ့လို့ နင်နဲ့နင့်အနားက အမျိုးသမီး တွေကို ကျေးဇူးတင်နေ ပါတယ် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Credit:Cele Zone
Cele Secrets