ေတးသံရွင္ မိုင္ေလး ရဲ့ အႏုပညာ မ်ိဳးဆက္ေလး ျဖစ္သလို အလြမ္းသီခ်င္း ေအးေအးေလးေတြ နဲ႔ ပရိသတ္ေတြ ရဲ့ အားေပးဝန္းရံမႈ ကိုလက္ခံ ရရွိထားတဲ့ အဆိုေတာ္ ရတနာမိုင္ ကိုေတာ့ပရိသတ္ႀကီး လည္းရင္းႏွီးၿပီးသား ျဖစ္မယ္ ထင္ပါတယ္။ သူမ ရဲ့ အလြမ္းသီခ်င္းေလး ေတြက ပရိသတ္ ရဲ့ ခံစားခ်က္ နဲ႔ ထပ္တူက်လို႔ အျမဲတမ္း ပရိသတ္ ပါးစပ္ဖ်ား မွာ ေရပန္းစားေလ့ ရွိပါတယ္ ။

လတ္တေလာ မွာ ေတာ့ ေမာင္ေလးေတြ ကို မွ ခ်စ္တတ္တဲ့ ” မမ” ေတြအတြက္ ” မမ” အထာ ဆိုတဲ့ သီခ်င္း အသစ္ေလးကို ပရိသတ္ေတြ ကို ေဝမၽွေပးလာခဲ့ပါတယ္ ။ ဒီသီခ်င္းေလး အတြက္ music video ေလးကို အုပ္စိုးခန႔္ နဲ႔ အတူ ရိုက္ကူးထားတာ ျဖစ္ၿပီး ေမာင္ေလး ကို တဖက္သတ္ ခ်စ္မိတဲ့ မမ တစ္ေယာက္ရဲ့ ခံစားခ်က္ေတြကို ေတးေရး ေဝႀကီး က ေရးသား ထားတာပဲျဖစ္ပါတယ္ ။

သီခ်င္း ခပ္ျမဴးျမဴးေလးလည္း ျဖစ္သလို အုပ္စိုးခန႔္ နဲ႔ ရတနာမိုင္ ရဲ့ ခ်စ္စဖြယ္သ႐ုပ္ေဆာင္မႈေလး ေတြေၾကာင့္ ပရိသတ္ေတြ ေတာ္ေတာ္ေလး အႀကိဳက္ေတြ႕ေနၾကတာပါ ။ မိုင္ေလး ကိုခ်စ္တဲ့ ဆယ္လီကမၻာ ပရိသတ္ႀကီးအတြက္ မမ အထာ ဆိုတဲ့ music video ေလး ကိုလည္း ထပ္ဆင့္ မၽွေဝေပးလိုက္ပါတယ္ေနာ္ ။

Source : Yadanar My
Emily (Cele Gabar)

UNICODE

တေးသံရှင် မိုင်လေး ရဲ့ အနုပညာ မျိုးဆက်လေး ဖြစ်သလို အလွမ်းသီချင်း အေးအေးလေးတွေ နဲ့ ပရိသတ်တွေ ရဲ့ အားပေးဝန်းရံမှု ကိုလက်ခံ ရရှိထားတဲ့ အဆိုတော် ရတနာမိုင် ကိုတော့ပရိသတ်ကြီး လည်းရင်းနှီးပြီးသား ဖြစ်မယ် ထင်ပါတယ်။ သူမ ရဲ့ အလွမ်းသီချင်းလေး တွေက ပရိသတ် ရဲ့ ခံစားချက် နဲ့ ထပ်တူကျလို့ အမြဲတမ်း ပရိသတ် ပါးစပ်ဖျား မှာ ရေပန်းစားလေ့ ရှိပါတယ် ။

လတ်တလော မှာ တော့ မောင်လေးတွေ ကို မှ ချစ်တတ်တဲ့ ” မမ” တွေအတွက် ” မမ” အထာ ဆိုတဲ့ သီချင်း အသစ်လေးကို ပရိသတ်တွေ ကို ဝေမျှပေးလာခဲ့ပါတယ် ။ ဒီသီချင်းလေး အတွက် music video လေးကို အုပ်စိုးခန့် နဲ့ အတူ ရိုက်ကူးထားတာ ဖြစ်ပြီး မောင်လေး ကို တဖက်သတ် ချစ်မိတဲ့ မမ တစ်ယောက်ရဲ့ ခံစားချက်တွေကို တေးရေး ဝေကြီး က ရေးသား ထားတာပဲဖြစ်ပါတယ် ။

သီချင်း ခပ်မြူးမြူးလေးလည်း ဖြစ်သလို အုပ်စိုးခန့် နဲ့ ရတနာမိုင် ရဲ့ ချစ်စဖွယ်သရုပ်ဆောင်မှုလေး တွေကြောင့် ပရိသတ်တွေ တော်တော်လေး အကြိုက်တွေ့နေကြတာပါ ။ မိုင်လေး ကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက် မမ အထာ ဆိုတဲ့ music video လေး ကိုလည်း ထပ်ဆင့် မျှဝေပေးလိုက်ပါတယ်နော် ။

Source : Yadanar My
Emily (Cele Gabar)