


Yuan – Cele Zone
Photo – Project k

UNICODE

ဆယ်ကျော်သက် မိန်းမလှ လေးတွေ ရဲ့ အသည်းစွဲ အားပေးချစ်ခင်မှု ကိုရရှိထားတဲ့ သူတွေကတော့ မြန်မာနိုင်ငံ ရဲ့ နာမည်ကျော် Dancer Group ဖြစ်တဲ့ Project K အဖွဲ့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အသိအမှတ် ဂုဏ်ပြုထားတဲ့ Dancer Group ဆိုလည်းမမှားပါဘူး ။

K-pop အက ကို ဦးစား ပေး performance ပြုလုပ်ကာ အမြဲတမ်း အမိုက်စား အကတွေ နဲ့ တင်ဆက်တတ်ပြီး ဖက်ရှင်၊ စတိုင် က အစ ကိုရီယား Idol တွေလို အထာကျလွန်း တာကြောင့် မိန်းမလှလေး တွေရဲ့ သည်းသည်း လှုပ် အားပေးခြင်းကို ခံရတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ အဖွဲ့လေးက ပြည့်ပနိုင်ငံတွေ မှာ တောင် မြန်မာကိုယ်စား ပြု အနေနဲ့ သွားရောက် ဖျော်ဖြေပေးခဲ့ရတဲ့ အထိ အောင်မြင်ခဲ့တာပါ။ အခုလည်း ၂၀၂၁ ရဲ့ နှစ်သစ်အစလေးမှာပဲ Padamyar FM ကချီးမြှင့်တဲ့ ဆုပေးပွဲ မှာ ရန်ကုန်သားလေး ကျွန်တော် သီချင်း နဲ့ Song Of The Year ဆုလေးကို ထိုက်ထိုက် တန်တန်ရရှိခဲ့တာကြောင့် အတိုင်းမသိပျော်ရွှင်နေကြောင်း နဲ့ သူတို့ကိုအခိုင်အမာ အားပေးခဲ့တဲ့ ပရိသတ်တွေ ကိုလည်း ကျေးဇူးအထူးတင် ရှိကြောင်း ပုံလေးတွေနဲ့တကွရေးသားကာ ဝေမျှ ထားတာဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ကြည့်ရှုနိုင် စေရန် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Yuan – Cele Zone
Photo – Project k