႐ုပ္ရွင္ သ႐ုပ္ေဆာင္ ဇဏ္ခီ ၊ ဒါရိုက္တာ ခရစၥတီးနားခီ တို႔ကို ဒီေန႔ ဧၿပီ (၁၇) ရက္ ႏွစ္ဆန္း တစ္ရက္ေန႔ မနက္ (၇) နာရီအခ်ိန္ခန႔္က ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ မွာ လူတစ္စု ကေခၚေဆာင္သြားတယ္ လို႔ မ်က္ျမင္ ေတြ႕ရသူ ေတြက အတည္ ျပဳပါတယ္။

ယေန႔ ျမန္မာ ႏွစ္ဆန္း (၁) ရက္ေန႔တြင္ သ႐ုပ္ေဆာင္ မင္းသား ဇဏ္ခီ ႏွင့္ ဒါရိုက္တာ ခရစၥတီးနားခီ တို႔ ခီေမာင္ႏွံ မိသားစု ကို ရန္ကုန္ အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ အရပ္ဝတ္ လူတစ္စု မွ ဖမ္းဆီး ေခၚေဆာင္သြားေၾကာင္း ကနဦး သတင္းရရွိ ထားပါတယ္။

ဇာဏ္ခီ၊ ခရစၥတီနားခီ၊ ၎တို႔ရဲ့ သားျဖစ္သူ နဲ႔ ေနာက္ထပ္ အမ်ိဳးသမီး တစ္ဦး အပါအဝင္ ေလးဦးဟာ ရန္ကုန္က ေန ဘန္ေကာက္ကို ဒီေန႔ မနက္ ၇ နာရီ မိနစ္ ၄၀ မွာ ထြက္ခြာမယ့္ MAI ေလေၾကာင္းလိုင္း ေလယာဥ္ အမွတ္ 8M 335 (Relief Flight) နဲ႔လိုက္ပါဖို႔ ရန္ကုန္ေလဆိပ္ ကို ေရာက္ရွိေန ခ်ိန္မွာ ခုလို ျဖစ္ ပြား ခဲ့တာျဖစ္ပါတယ္။

crd…celepost

UNICODE

ရုပ်ရှင် သရုပ်ဆောင် ဇဏ်ခီ ၊ ဒါရိုက်တာ ခရစ္စတီးနားခီ တို့ကို ဒီနေ့ ဧပြီ (၁၇) ရက် နှစ်ဆန်း တစ်ရက်နေ့ မနက် (၇) နာရီအချိန်ခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် မှာ လူတစ်စု ကခေါ်ဆောင်သွားတယ် လို့ မျက်မြင် တွေ့ရသူ တွေက အတည် ပြုပါတယ်။

ယနေ့ မြန်မာ နှစ်ဆန်း (၁) ရက်နေ့တွင် သရုပ်ဆောင် မင်းသား ဇဏ်ခီ နှင့် ဒါရိုက်တာ ခရစ္စတီးနားခီ တို့ ခီမောင်နှံ မိသားစု ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အရပ်ဝတ် လူတစ်စု မှ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ကနဦး သတင်းရရှိ ထားပါတယ်။

ဇာဏ်ခီ၊ ခရစ္စတီနားခီ၊ ၎င်းတို့ရဲ့ သားဖြစ်သူ နဲ့ နောက်ထပ် အမျိုးသမီး တစ်ဦး အပါအဝင် လေးဦးဟာ ရန်ကုန်က နေ ဘန်ကောက်ကို ဒီနေ့ မနက် ၇ နာရီ မိနစ် ၄၀ မှာ ထွက်ခွာမယ့် MAI လေကြောင်းလိုင်း လေယာဉ် အမှတ် 8M 335 (Relief Flight) နဲ့လိုက်ပါဖို့ ရန်ကုန်လေဆိပ် ကို ရောက်ရှိနေ ချိန်မှာ ခုလို ဖြစ် ပွား ခဲ့တာဖြစ်ပါတယ်။

crd…celepost