



unicode

တစ်ခေတ်တစ်ခါက ပရိသတ်တွေ ကြားမှာ အရမ်းကို ရေပန်းစား နာမည်ကြီးခဲ့သူကတော့ သရုပ်ဆောင် မင်းသားချောလေး ရာဇာနေဝင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဖက်ရှင်ဒီဇိုင်းတွေဟာ အများနဲ့မတူဘဲ တမူထူးခြားလွန်းနေတာကြောင့် ယောကျာ်းလေး တော်တော်များများ အတုခိုးပြီး လိုက်ဝတ် ခဲ့ကြရတဲ့ အထိပါပဲ။ ရာဇာနေဝင်းဟာ ဖခင်ဖြစ်သူ ကောလိပ်ဂျင် နေဝင်းရဲ့ အနုပညာအမွေတွေကို ဆက်ခံရရှိထားပြီး အဆိုတော် ဟေမာနေဝင်း ၊အူဝဲတို့နဲ့လည်း အမျိုးတော်စပ်တာလည်း ဖြစ်ပါတယ်။

ရာဇာနေဝင်းဟာ လက်ရှိမှာ အနုပညာ အလုပ်တွေ မလုပ်တော့ဘဲ ကျန်းမာရေးအတွက် အနားယူနေတာလည်း ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ မရှိတော့တဲ့ အတွက် ပရိသတ်တွေက ရာဇာနေဝင်းကို သတိတရ ရှိနေကြတာပဲ ဖြစ်ပါတယ်။ သူ့ကို လွမ်းနေကြမယ့်သူ တွေအတွက် မကြာသေးခင် မိနစ်ပိုင်းလောက်က ယုန်လေးရဲ့ လူမှုကွန်ယက်စာမျက်နှ ာမှာ ပုံလေးတစ်ပုံ တင်ပေးလာတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မြင့်မြတ်တို့ဓာတ်ပုံရိုက် နေကြတဲ့အတွက် ဖုန်းကိုလှမ်းမကြည့်ဘဲ အောက်ငုံ့ကာ တစ်ယောက်တည်းအလုပ် တွေရှုပ်နေတဲ့ ရာဇာနေဝင်းရဲ့ ပုံလေးပဲ ဖြစ်ပါတယ်။

ယုန်လေးကလည်း ” မျက်မှန် နဲ့ ဘဲကြီးက ဘယ်သူလဲ သိလား .ကင်မရာ ကြောက်လို့တဲ့ ရှက်နေတယ် .🤣 🤣 🤣” ဆိုပြီး ရေးသားထားတာ ပဲ ဖြစ်ပါတယ်။ ပရိသတ်တော်တော် များများကလည်း မတွေ့ရတာကြာပြီဖြစ်တဲ့ ရာဇာနေဝင်းကို ပြန်တွေ့လိုက်ရတဲ့အတွက် ဝမ်းသာနေကြတာလည်း ဖြစ်ပါတယ်။ အားလုံးလည်း သိရှိနိုင်အောင် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Yone Lay’s Facebook Account