ပရိသတ်ကြီးရေ စိန်ဖြိုးကတော့ တစ်ခတ် တစ်ခါနာမည်ကြီး မင်းသမီးနန္ဒါလှိုင် ရဲ့ အငယ်ဆုံးမောင်လေးပဲ ဖြစ်ပါတယ်။ အနုပညာ အလုပ်တွေ ကို မောင်ဆိုတဲ့ နာမည် နဲ့ လုပ်ကိုင်ခဲ့ပြီး အခုချိန်မှာတော့မော်ဒယ်လ် မင်းသမီး​ဟောင်းတ​စ်လက် ဖြစ်တဲ့ ရီရီပွင့်ဖြူ နဲ့ ချစ်သူတွေဖြစ်ကာ vlogလေးတွေကို SeinPhyi&Yi Page ကနေ တင်လျက်ရှိတာပါ။

ချစ်သူသက်တမ်း ( ၉ ) နှစ်ရှိတဲ့ ချစ်သူနှစ်ဦးဖြစ်တဲ့ စိန်ဖြိုးနဲ့ရီရီတို့ကတော့ဒီနေ့ကျရောက်တဲ့ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှာ” 22.2.22ဒီနေ့လိုထူးခြားတဲ့ ရက်ကောင်းရက်မြတ် လေးမှာ စိန်ဖြိုးနဲ့ရီ တို့ရဲ့ မင်္ဂလာဦးဆွမ်းကပ် အလှူလေး ပြုခဲ့ပါတယ်….ချမ်းမြေ့ရိပ်သာမှာကျောင်းတိုက် ဧည့်သည်မပါဘဲ ၂ယောက်တည်းပဲ ရေစက်ချ တရားနာပြီး တနေ့တာဆွမ်းကပ်လှူလိုက်ပါတယ်…။သံဃာတော်တွေကိုလည်း အရင်လိုဆွမ်းစားဆောင် မှာ ဆွမ်းကပ်တာမျိုးမဟုတ်ဘဲ ကျောင်းဆောင်တွေကို ဆွမ်းချိုင့် နဲ့ ပို့ဆွမ်းကပ်ရပါတယ်…။

ပြီးမှ နှစ်ဘက်မိသားစု ဆွေမျိုးတွေအိမ်ကို မုန့်လိုက်ပို့တယ်… ရုံးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိုလည်း ပါဆယ် နဲ့ ပဲ မုန့်လိုက်ဝေလိုက်တယ်…မိဘတွေကိုရော ကျောင်းကဘုန်းဘုန်းတွေရော လာမယ့် ဧည့်သည်တွေရော Covid ကူးစက်တာ မျိုးဖြစ်မှာ စိုးရိမ်တာ ကြောင့် ခုလိုလေးပဲ စီစဉ်လိုက်ရပါတယ်….ရိုးရိုးရှင်းရှင်းလေးပဲဖြတ်သန်းခဲ့ရပေမယ့် ဒီနေ့လေးက လာမယ့်နှစ်တိုင်း နှစ်တိုင်းမှာ မင်္ဂလာ နှစ်ပတ်လည် နေ့လေးအဖြစ် အမြဲအမှတ်တရ ရှိနေမှာပါ… 🥰🥰🥰”ဆိုတဲ့စာလေးနဲ့ ရိုးရှင်းလှတဲ့ မင်္ဂလာဦးဆွမ်းကပ်လေးကို ပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေတင်လာခဲ့တာပါ။ပရိသတ်တွေအတွက်စိန်ဖြိုးနဲ့ရီရီတို့ရဲ့ မင်္ဂလာဦးဆွမ်းကပ်ပုံရိပ်လေးတွေကို တင်လာခဲ့တာပါ။

Credit… CeleGabar
Source- SeinPhyo& Yi

ZAWGYI




Credit… CeleGabar
Source- SeinPhyo& Yi