ဒီကာလမွာဆိုရင္ ေတာ့ Gen X,Y,Zေတြအျပင္ Gen Alphaေလးေတြ ကပါ ခြန္အားအျပည့္နဲ႔ ပါဝင္ဝန္းရံေပးေနၾကတာျဖစ္ပါတယ္။ကေလးေတြကေတာ့ အသက္သာငယ္ၾကေပမယ့္ စိတ္ထားေလးေတြကျပည့္ဝၿပီး သူတို႔သိ သေလာက္၊တတ္သေလာက္ေလးေတြနဲ႔ ကူညီေနၾကတာျဖစ္ပါတယ္။အခုလိုအခ်ိန္မ်ိဳးမွာ လူႀကီးေတြကအစကေလးငယ္ေလးေတြအဆုံးထိ တက္ညီလက္ညီ နဲ႔ ရင္ဆိုင္ေနၾကလို႔ အားတက္စရာေကာင္းတဲ့အေျခအေနပဲျဖစ္ပါတယ္။တစ္ရက္ကဆိုရင္လည္း ကေလးမေလးတစ္ေယာက္က ရဲစြမ္း သတၱိအျပည့္နဲ႔ လမ္းေပၚမွာပါဝင္လႈပ္ရွားေနတာျဖစ္ပါတယ္။

ကေလးမေလးကေတာ့ ေလာက္ေလးခြကို အားနဲ႔မာန္နဲ႔ ကိုင္ၿပီး ရွိတဲ့ခြန္အားေလးနဲ႔ ျပည္သူေတြ ဘက္ကေန ကာကြယ္ေနတာျဖစ္ပါတယ္။အဲ့ဒီကေလးမေလးရဲ့သတၱိအျပည့္နဲ႔ပုံရိပ္ေလးက ျပည္သူေတြၾကားမွာ အရမ္းေရပန္းစား သြားခဲ့ပါတယ္။ကေလးမေလးရဲ့မိသားစုကေတာ့ အေဆာင္က်ဥ္းက်ဥ္းေလးမွာ ေနထိုင္ရၿပီး ဖခင္ျဖစ္သူက ပန္းရံအလုပ္လုပ္တာ ျဖစ္ပါတယ္။ကေလးမေလး ရဲ့ ရဲရင့္တဲ့စိတ္ဓာတ္ကို ေလးစားၾကတဲ့ ျပည္သူတခ်ိဳ႕ ကေတာ့တတ္နိုင္သေလာက္လႉဒါန္းၾကၿပီး ဆက္သြယ္လို႔ရေအာင္ ဖုန္းေလးတစ္လုံး ပါ ဝယ္ေပးခဲ့တာ ျဖစ္ပါတယ္။

ကေလးမေလးက ပညာသင္ၾကားရမယ့္အရြယ္ေလးလည္း ျဖစ္တာေၾကာင့္ ေက်ာင္းတက္နိုင္ဖို႔အတြက္လည္း စီစဥ္ေပးေန ၾကတာျဖစ္ပါတယ္။ေစတနာရွင္ျပည္သူတစ္စုကလည္း အသက္ငယ္ငယ္ေလးနဲ႔ အရမ္းရဲရင့္တဲ့ အဲ့ဒီကေလးမေလးအတြက္ အစစ အရာရာကို ကူညီေပးၾကတာျဖစ္ပါတယ္။ျပည္သူေတြကေတာ့ ဂ႐ုဏာ၊ေမတၱာတရားႀကီးမားၾကလို႔ တစ္ခုခုဆို ဝိုင္းဝန္းေထာက္ပံ့ေပး ၾကတာျဖစ္ပါတယ္။အခုဆိုရင္လည္း ဖုန္းေလးရလို႔ အရမ္းေပ်ာ္ရႊင္ သြားတဲ့ ကေလးမေလးရဲ့ အေပ်ာ္ပုံရိပ္ေလးေတြကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္။

Source&Photo Credit: Original Uploder

unicode

ဒီကာလမှာဆိုရင် တော့ Gen X,Y,Zတွေအပြင် Gen Alphaလေးတွေ ကပါ ခွန်အားအပြည့်နဲ့ ပါဝင်ဝန်းရံပေးနေကြတာဖြစ်ပါတယ်။ကလေးတွေကတော့ အသက်သာငယ်ကြပေမယ့် စိတ်ထားလေးတွေကပြည့်ဝပြီး သူတို့သိ သလောက်၊တတ်သလောက်လေးတွေနဲ့ ကူညီနေကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ လူကြီးတွေကအစကလေးငယ်လေးတွေအဆုံးထိ တက်ညီလက်ညီ နဲ့ ရင်ဆိုင်နေကြလို့ အားတက်စရာကောင်းတဲ့အခြေအနေပဲဖြစ်ပါတယ်။တစ်ရက်ကဆိုရင်လည်း ကလေးမလေးတစ်ယောက်က ရဲစွမ်း သတ္တိအပြည့်နဲ့ လမ်းပေါ်မှာပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။

ကလေးမလေးကတော့ လောက်လေးခွကို အားနဲ့မာန်နဲ့ ကိုင်ပြီး ရှိတဲ့ခွန်အားလေးနဲ့ ပြည်သူတွေ ဘက်ကနေ ကာကွယ်နေတာဖြစ်ပါတယ်။အဲ့ဒီကလေးမလေးရဲ့သတ္တိအပြည့်နဲ့ပုံရိပ်လေးက ပြည်သူတွေကြားမှာ အရမ်းရေပန်းစား သွားခဲ့ပါတယ်။ကလေးမလေးရဲ့မိသားစုကတော့ အဆောင်ကျဉ်းကျဉ်းလေးမှာ နေထိုင်ရပြီး ဖခင်ဖြစ်သူက ပန်းရံအလုပ်လုပ်တာ ဖြစ်ပါတယ်။ကလေးမလေး ရဲ့ ရဲရင့်တဲ့စိတ်ဓာတ်ကို လေးစားကြတဲ့ ပြည်သူတချို့ ကတော့တတ်နိုင်သလောက်လှူဒါန်းကြပြီး ဆက်သွယ်လို့ရအောင် ဖုန်းလေးတစ်လုံး ပါ ဝယ်ပေးခဲ့တာ ဖြစ်ပါတယ်။

ကလေးမလေးက ပညာသင်ကြားရမယ့်အရွယ်လေးလည်း ဖြစ်တာကြောင့် ကျောင်းတက်နိုင်ဖို့အတွက်လည်း စီစဉ်ပေးနေ ကြတာဖြစ်ပါတယ်။စေတနာရှင်ပြည်သူတစ်စုကလည်း အသက်ငယ်ငယ်လေးနဲ့ အရမ်းရဲရင့်တဲ့ အဲ့ဒီကလေးမလေးအတွက် အစစ အရာရာကို ကူညီပေးကြတာဖြစ်ပါတယ်။ပြည်သူတွေကတော့ ဂရုဏာ၊မေတ္တာတရားကြီးမားကြလို့ တစ်ခုခုဆို ဝိုင်းဝန်းထောက်ပံ့ပေး ကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဖုန်းလေးရလို့ အရမ်းပျော်ရွှင် သွားတဲ့ ကလေးမလေးရဲ့ အပျော်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder