ပရိသတ္ေတြအတြက္ ဒီတစ္ေခါက္မွာ ဆိုရင္ေတာ့ ေဟာင္ေကာင္ၿမိဳ႕အျပင္ဘက္က ေရွးေဟာင္းရြာငယ္ ေလးတစ္ရြာအေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။ဒီရြာငယ္ေလးရဲ့နာမည္ကေတာ့ So Lo Pun ျဖစ္ၿပီး လာေရာက္လည္ပတ္တဲ့ ခရီးသြားေတြကေတာ့ ( compass is locked) ညႊန္ျပမႈ မရွိတဲ့ရြာလို႔ နာမည္ေပးထားၾကပါတယ္။ဘာ့ေၾကာင့္လဲဆိုရင္ ဒီရြာေလးထဲ ကိုေရာက္တာနဲ႔ သံလိုက္အိမ္ေျမႇာင္ေတြဟာ ထူးစြန္းစြာနဲ႔ အလုပ္ မလုပ္ၾကေတာ့တာ ေၾကာင့္ပဲ ျဖစ္ပါတယ္။

သမိုင္းေၾကာင္းအေနနဲ႔ကေတာ့ ဒီရြာေလးကို AD 872 ခုေလာက္ထဲက စတင္တည္ ေဆာက္ခဲ့တာျဖစ္ၿပီး 1980 ခုႏွစ္ေလာက္မွာ လူေတြ တစ္ေယာက္မွမေနေတာ့ပဲ စြန႔္ခြာခဲ့ၾကပါတယ္။ဘာ့ေၾကာင့္လဲဆိုရင္ ဟိုးအရင္က ၎ So Lo Pun ရြာက ရြာသားေတြဟာ အျခားရြာက မဂၤလာေဆာင္တစ္ခုကို ကူညီဖို႔သြားရာကေန ေလွေမွာက္ၿပီး အကုန္ေသဆုံးခဲ့ၾကပါတယ္။ဒါ့ေၾကာင့္ ရြာလုံးကၽြတ္ အသုဘပြဲ က်င္းပ ခဲ့ရသလို တေျဖးေျဖးနဲ႔ ေျခာက္ျခားစရာေကာင္းလွတာေၾကာင့္ 1980 ခုႏွစ္ေလာက္မွာေတာ့ လူမေနၾကေတာ့ပဲ ေျခာက္ကပ္တိတ္ဆိတ္တဲ့ ရြာကေလးျဖစ္လာခဲ့တာပဲ ျဖစ္ပါတယ္။

ဟိုအရင္တုန္းကလည္း ၎ရြာကို လာေရာက္လည္ပတ္တဲ့ ခရီးသြား တစ္ေယာက္ဟာ ေရနစ္ေသဆုံး ထားတဲ့ လူေသ ဝိညာဥ္ ႏွင့္ ရင္ဆိုင္ၾကဳံေတြ႕ ခဲ့ရၿပီး ႏွလုံးေသြး ရပ္တန႔္ ေသဆုံး ခဲ့ဖူးတယ္လို႔ သိရပါတယ္။ သို႔ေပမယ့္လည္း ေျခာက္ျခားမႈ အရသာ ခံစားလိုတဲ့ ခရီးသြားေတြ ကေတာ့ အႏၵရာယ္မ်ား ၿပီး ေျခာက္ျခားစရာေကာင္းတဲ့ ၎ရြာေလးကို သြားေရာက္ လည္ပါတ္လ်က္ ရွိေနဆဲပဲ ျဖစ္ပါတယ္။

သတင္းအရင္းျမစ္: wikipedia

unicode

ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာ ဆိုရင်တော့ ဟောင်ကောင်မြို့အပြင်ဘက်က ရှေးဟောင်းရွာငယ် လေးတစ်ရွာအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ဒီရွာငယ်လေးရဲ့နာမည်ကတော့ So Lo Pun ဖြစ်ပြီး လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကတော့ ( compass is locked) ညွှန်ပြမှု မရှိတဲ့ရွာလို့ နာမည်ပေးထားကြပါတယ်။ဘာ့ကြောင့်လဲဆိုရင် ဒီရွာလေးထဲ ကိုရောက်တာနဲ့ သံလိုက်အိမ်မြှောင်တွေဟာ ထူးစွန်းစွာနဲ့ အလုပ် မလုပ်ကြတော့တာ ကြောင့်ပဲ ဖြစ်ပါတယ်။

သမိုင်းကြောင်းအနေနဲ့ကတော့ ဒီရွာလေးကို AD 872 ခုလောက်ထဲက စတင်တည် ဆောက်ခဲ့တာဖြစ်ပြီး 1980 ခုနှစ်လောက်မှာ လူတွေ တစ်ယောက်မှမနေတော့ပဲ စွန့်ခွာခဲ့ကြပါတယ်။ဘာ့ကြောင့်လဲဆိုရင် ဟိုးအရင်က ၎င်း So Lo Pun ရွာက ရွာသားတွေဟာ အခြားရွာက မင်္ဂလာဆောင်တစ်ခုကို ကူညီဖို့သွားရာကနေ လှေမှောက်ပြီး အကုန်သေဆုံးခဲ့ကြပါတယ်။ဒါ့ကြောင့် ရွာလုံးကျွတ် အသုဘပွဲ ကျင်းပ ခဲ့ရသလို တဖြေးဖြေးနဲ့ ခြောက်ခြားစရာကောင်းလှတာကြောင့် 1980 ခုနှစ်လောက်မှာတော့ လူမနေကြတော့ပဲ ခြောက်ကပ်တိတ်ဆိတ်တဲ့ ရွာကလေးဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဟိုအရင်တုန်းကလည်း ၎င်းရွာကို လာရောက်လည်ပတ်တဲ့ ခရီးသွား တစ်ယောက်ဟာ ရေနစ်သေဆုံး ထားတဲ့ လူသေ ဝိညာဉ် နှင့် ရင်ဆိုင်ကြုံတွေ့ ခဲ့ရပြီး နှလုံးသွေး ရပ်တန့် သေဆုံး ခဲ့ဖူးတယ်လို့ သိရပါတယ်။ သို့ပေမယ့်လည်း ခြောက်ခြားမှု အရသာ ခံစားလိုတဲ့ ခရီးသွားတွေ ကတော့ အန္ဒရာယ်များ ပြီး ခြောက်ခြားစရာကောင်းတဲ့ ၎င်းရွာလေးကို သွားရောက် လည်ပါတ်လျက် ရှိနေဆဲပဲ ဖြစ်ပါတယ်။

သတင်းအရင်းမြစ်: wikipedia