မင်းသားချော အောင်မြင့်မြတ်ကတော့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးမှာ သိန်းစိုးဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ ။ဥပာယ်တံမျဉ်ဇာတ်ကားနဲ့ ပြည်သူပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေ နဲ့ ချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ အောင်မြင့်မြတ်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော်မင်းသားချော တစ်ဦးဆိုလည်း မမှားပါဘူးနော်။

အောင်မြင်တဲ့ မင်းသားတစ်ယောက်အနေ နဲ့ စိတ်ဓာတ်မြင့်မြတ်ပြီး သဘောကောင်းတဲ့ သူတစ်ယောက်အဖြစ် နှုတ်ခမ်းနီမ လေးတွေကြားမှာ ရေပန်းစားနေတဲ့ သူတစ်ယောက်ဖြစ်တဲ့ အပြင် ပရိသတ်တွေရဲ့ အချစ်တွေ ကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါ။ သူရဲ့လှုပ်ရှားမှု ပုံရိပ်တွေကိုလည်း အမြဲဖော်ပြလေ့ရှိတာတွေ့ရပါတယ် ။

အခုလည်း ရှားပါးသတ္တဝါတစ်ကောင်ဖြစ်တဲ့ သင်းခွေချပ်လေးကို ကယ်တင်ခဲ့ပုံ ကို ပုံလေးတွေနဲ့ တကွ ရေးသားဖော်ပြလာပါတယ် ။ ဟင်းအိုးထဲရောက်တော့မယ့် သင်းခွေချပ်လေးကို ကယ်တင် နိုင်ခဲ့လို့ ပီတိဖြစ်နေကြောင်းကိုလည်း ” ဟင်းစားအိုး ထဲကဟင်းစားအိုးထဲ က ချိန်မှီကယ်တင်လိုက်နိုင်တဲ့ သင်းခွေချပ် လေး ဆိုပါတော့..ဘာပဲဖြစ်ဖြစ် နေရမယ့် သက်တမ်းနည်းနည်းရှည် သွားတာပေါ့ ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone
Photo – Aung Myint Myat

ZAWGYI

မင္းသားေခ်ာ ေအာင္ျမင့္ျမတ္ကေတာ့ ဥပါယ္တံမ်ဥ္႐ုပ္ရွင္ဇာတ္ကားႀကီးမွာ သိန္းစိုးဆိုတဲ့ ဇာတ္ေကာင္နာမည္နဲ႔ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ ။ဥပာယ္တံမ်ဥ္ဇာတ္ကားနဲ႔ ျပည္သူပရိသတ္ေတြရဲ့ အားေပးဝန္းရံမႈေတြ နဲ႔ ခ်စ္ခင္မႈေတြကို အခိုင္အမာရရွိထားတဲ့ ေအာင္ျမင့္ျမတ္ကေတာ့ မိန္းကေလးပရိသတ္ေတြရဲ့ အသည္းေက်ာ္မင္းသားေခ်ာ တစ္ဦးဆိုလည္း မမွားပါဘူးေနာ္။

ေအာင္ျမင္တဲ့ မင္းသားတစ္ေယာက္အေန နဲ႔ စိတ္ဓာတ္ျမင့္ျမတ္ၿပီး သေဘာေကာင္းတဲ့ သူတစ္ေယာက္အျဖစ္ ႏႈတ္ခမ္းနီမ ေလးေတြၾကားမွာ ေရပန္းစားေနတဲ့ သူတစ္ေယာက္ျဖစ္တဲ့ အျပင္ ပရိသတ္ေတြရဲ့ အခ်စ္ေတြ ကို ပိုင္ဆိုင္ထားတဲ့ သူတစ္ေယာက္ပါ။ သူရဲ့လႈပ္ရွားမႈ ပုံရိပ္ေတြကိုလည္း အျမဲေဖာ္ျပေလ့ရွိတာေတြ႕ရပါတယ္ ။

အခုလည္း ရွားပါးသတၱဝါတစ္ေကာင္ျဖစ္တဲ့ သင္းေခြခ်ပ္ေလးကို ကယ္တင္ခဲ့ပုံ ကို ပုံေလးေတြနဲ႔ တကြ ေရးသားေဖာ္ျပလာပါတယ္ ။ ဟင္းအိုးထဲေရာက္ေတာ့မယ့္ သင္းေခြခ်ပ္ေလးကို ကယ္တင္ နိုင္ခဲ့လို႔ ပီတိျဖစ္ေနေၾကာင္းကိုလည္း ” ဟင္းစားအိုး ထဲကဟင္းစားအိုးထဲ က ခ်ိန္မွီကယ္တင္လိုက္နိုင္တဲ့ သင္းေခြခ်ပ္ ေလး ဆိုပါေတာ့..ဘာပဲျဖစ္ျဖစ္ ေနရမယ့္ သက္တမ္းနည္းနည္းရွည္ သြားတာေပါ့ ” ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္ ။

Yuan – Cele Zone
Photo – Aung Myint Myat