


Source : J Naw
Emily (Cele Gabar)

unicode

မြစ်ကြီးနား သူလေး မော်ဒယ် J Naw ကတော့ သူမရဲ့ အမိုက်စား Pose တွေ၊ အကြည့်တွေ ကြောင့် နာမည်ကြီးနေတဲ့ စူပါမော်ဒယ်လ်တစ်ယောက်ပါ ။ သူမရဲ့အမိုက်စား ဘော်ဒီကောက်ကြောင်းတွေနဲ့ မော်ဒယ်လ်ပီသတဲ့ အရပ်အမောင်း ကြောင့် ပုရိသ ပရိသတ်တွေကြားမှာ ရေပန်းစားသူလေးပါ ။

သူမရဲ့ ဓာတ်ပုံရိုက်ကူးမှု တွေကလည်း အရမ်းကို ဆွဲဆောင်မှု ရှိသလို ထူးထူးခြားခြားလေး တွေ ရှိတာကိုလည်း ပရိသတ်တွေသတိထားမိကြမှာပါ ။ လတ်တလောမှာတော့ မော်ဒယ်လ် J Naw တစ်ယောက် ရှုတင်မှာ ကြောင်နဲ့ ဓာတ်ပုံရိုက်ကူးမှု ပြုလုပ်ရင်း ကြောင်ကုတ်ခံလိုက် ရတဲ့အတွက် ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ် ။ အနုပညာညီအစ်ကို မောင်နှမတွေကတော့ သူမအတွက် စိုးရိမ်တကြီး သတင်းမေးနေကြတာကိုလည်းတွေ့ရပါတယ် ။

J Naw ကတော့ သူမက မော်ဒယ်လ်တစ်ယောက် ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် လက်ခံရမှာပေါ့လို့ မိုင်ဒေးမှာ ရေးသားဖော်ပြထားတာလည်းတွေ့ရပါတယ် ။ J naw ရဲ့ ပရိသတ်တွေကတော့ သူမအတွက် စိုးရိမ်နေကြပြီး အမြန်ဆုံးသက်သာပါစေ ဆိုတဲ့ ဆုမွန်ကောင်းလေးတွေ တောင်းပေးခဲ့ကြပါတယ် ။

Source : J Naw
Emily (Cele Gabar)