ပရိသတ္ေတြ ေနအဥၨာရာ ဆိုၿပီး စတင္ သိရွိခဲ့တဲ့ ျခဴးေလး ကေတာ့ “ပန္းႏုေသြး” ဇာတ္လမ္း ထဲက သူမ ရဲ့ ဇာတ္ေကာင္ “ျခဴးေလး” ဆိုတာ နဲ႔ ေက်ာ္ၾကားေအာင္ျမင္ ခဲ့တာမို႔ သူမ ရဲ့ အႏုပညာ နာမည္ကို ျခဴးေလး ဆိုၿပီး ေျပာင္းလဲခဲ့တာ ျဖစ္ပါတယ္။ ျခဴး ေလးက “ထာဝရမႏၲေလး”၊ “ပို၍ လွေသာမနက္ျဖန္”၊ “ရသ-ေမာ္ကြန္း-အလကၤာ”၊ “ပဥၥလက္ရြာ”၊ “လူရည္ခၽြန္”၊ “ခ်စ္ရပါေသာေႏြ” ၊ “”ေႏြလယ္ညရဲ့လမင္း” စတဲ့ ဇာတ္လမ္းတြဲေတြမွာလည္း မတူညီတဲ့ ကာရိုက္တာေတြကို သ႐ုပ္ေဆာင္ျပခဲ့ၿပီး ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့တာကို ေတြ႕ရပါတယ္။

လက္ရွိ ကိုဗစ္ကာလ မွာလည္း ေၾကာ္ျငာေတြ ကို လက္ခံ ရိုက္ကူးေပး ျဖစ္ေနတဲ့ ျခဴးေလး ကေတာ့ သူမ ရဲ့ ႐ူတင္ ရိုက္ကြင္းက အမွတ္တရ ေတြကို မၾကာ ခဏဆိုသလို ခ်ျပေနတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာ လည္း ျခဴးေလး က ရႈတင္ မွာေနရင္းေတာင္ အစားနဲ႔ ပါးစပ္နဲ႔ မပ်က္တဲ့အေၾကာင္း “ဒီေန႔ရဲ့ အစားေသာင္းက်န္းမႈ.. မနက္ေစာေစာ မုန႔္ဟင္းခါး စားတာနဲ႔ ေန႔လည္ ထမင္းစား တာမပါေသးဘူး …” ဆိုၿပီး ကိုယ့္ကိုကိုယ္ အရႊန္း ေဖာက္လာခဲ့တာ ျဖစ္ပါတယ္။

ျခဴးေလးကေတာ့ သူမကိုလြမ္းေနၾကတဲ့ ပရိသတ္ေတြ အတြက္ ရႈတင္ ေပၚက အမွတ္တရေလး ကို ခ်ျပလာခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ႀကီး ကလည္း ျခဴးေလးရဲ့ ေနာက္ထပ္အႏုပညာလႈပ္ ရွားမႈေတြကို အားေပးၾက ပါဦးေနာ္။ ဖတ္ရႈ ေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္ရႊင္ တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ နိုင္ၾကပါေစလို႔ဆုေတာင္း ေပးလိုက္ပါတယ္။

Source: Chue Lay ‘s fb
Bilie – Cele Connections

unicode

ပရိသတ်တွေ နေအဥ္ဇာရာ ဆိုပြီး စတင် သိရှိခဲ့တဲ့ ခြူးလေး ကတော့ “ပန်းနုသွေး” ဇာတ်လမ်း ထဲက သူမ ရဲ့ ဇာတ်ကောင် “ခြူးလေး” ဆိုတာ နဲ့ ကျော်ကြားအောင်မြင် ခဲ့တာမို့ သူမ ရဲ့ အနုပညာ နာမည်ကို ခြူးလေး ဆိုပြီး ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ခြူး လေးက “ထာဝရမန္တလေး”၊ “ပို၍ လှသောမနက်ဖြန်”၊ “ရသ-မော်ကွန်း-အလင်္ကာ”၊ “ပဥ္စလက်ရွာ”၊ “လူရည်ချွန်”၊ “ချစ်ရပါသောနွေ” ၊ “”နွေလယ်ညရဲ့လမင်း” စတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း မတူညီတဲ့ ကာရိုက်တာတွေကို သရုပ်ဆောင်ပြခဲ့ပြီး ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

လက်ရှိ ကိုဗစ်ကာလ မှာလည်း ကြော်ငြာတွေ ကို လက်ခံ ရိုက်ကူးပေး ဖြစ်နေတဲ့ ခြူးလေး ကတော့ သူမ ရဲ့ ရူတင် ရိုက်ကွင်းက အမှတ်တရ တွေကို မကြာ ခဏဆိုသလို ချပြနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာ လည်း ခြူးလေး က ရှုတင် မှာနေရင်းတောင် အစားနဲ့ ပါးစပ်နဲ့ မပျက်တဲ့အကြောင်း “ဒီနေ့ရဲ့ အစားသောင်းကျန်းမှု.. မနက်စောစော မုန့်ဟင်းခါး စားတာနဲ့ နေ့လည် ထမင်းစား တာမပါသေးဘူး …” ဆိုပြီး ကိုယ့်ကိုကိုယ် အရွှန်း ဖောက်လာခဲ့တာ ဖြစ်ပါတယ်။

ခြူးလေးကတော့ သူမကိုလွမ်းနေကြတဲ့ ပရိသတ်တွေ အတွက် ရှုတင် ပေါ်က အမှတ်တရလေး ကို ချပြလာခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီး ကလည်း ခြူးလေးရဲ့ နောက်ထပ်အနုပညာလှုပ် ရှားမှုတွေကို အားပေးကြ ပါဦးနော်။ ဖတ်ရှု ပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင် တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ဆုတောင်း ပေးလိုက်ပါတယ်။

Source: Chue Lay ‘s fb
Bilie – Cele Connections