ပရိသတ်ကြီးရေ ဖုန်းသီရိကျော်ကတော့ မျက်နှာလေးက လမင်းလေးသဖွယ် ဝိုင်းဝိုင်းပြည်ပြည့်လေးနဲ့ ဇော်ပိုင်ရဲ့ မေသီချင်းလိုပဲ ဘုန်းသီရိကျော်ကတော့ အမျိုးသားပရိသတ်တွေတခဲနက်ဝန်းရံ အားပေးခြင်းခံရတဲ့ မင်းသမီးလေးလို့ဆိုရမှာပါနော်…။ ချစ်စရာကောင်းခြင်းတွေ စုစည်းထားတဲ့မျက်နှာလေးနဲ့ အပြုံးတွေ စကားပြောဟန်တွေက အမျိုးသားထုကြီးရဲ့ ရင်ကို ဆွဲခါလှုပ်ရမ်းနိုင် သူလေးလို့လည်းတင်စားလို့ရပါတယ်နော်…။

ဖုန်းသီရိကျော် ကတော့လတ်တလော Canal+ Zat LennChannel မှာပြသ​​နေတဲ့”ဗလာစာအုပ်”ဇာတ်လမ်းတွဲ လေးမှာပါဝင်ထားတာပဲ ဖြစ်ပါတယ်…။ ဒီနေ့မှာတော့”ဒီနေ့ည အပိုင်း (၆) ❤️ဗလာစာအုပ် BTS memories 👻💕Shooting တစ်လျှောက်လုံးက Night Scene တွေဖြစ်တာမို့ ညနေ ၆နာရီ ကစပြီး နောက်နေ့မနက် ၄ နာရီအထိ မအိပ်ဘဲ ရိုက်ရတာ… ဘဝမှာ အမှတ်တရတွေပါပဲ ❤️”ဆိုကာ အမှတ်တရတွေကိုဝေမျှခဲ့တာပါ…။

ပရိသတ်တွေလည်း ဖုန်းသီရိကျော်ကို နှင်းစက်ဆိုတဲ့ ကောင်မလေး အဖြစ်မြင်တွေ့နေရတဲ့ ဗလာစာအုပ်”ဇာတ်လမ်းတွဲကို ကြည့်ရှူအားပေးနေကြတယ်ဆိုရင် မှတ်ချက်ပေးခဲ့ပါဦးနော်…။

Credit – CeleGabar




Credit – CeleGabar