လက်နက်ကြီးတွေသုံးပြီး အပြင်းအထန် အကြမ်းဖက် ဖြိုခွင်းမှုတွေလုပ်ခံနေရတဲ့ ကယားပြည်နယ် အတွက် Speak Out လုပ်ပေးဖို့ တောင်းဆိုလိုက်တဲ့ ထက်အဉ္ဖလီ ဟာMyanmar Idol အစီအစဉ်ကနေ နာမည်တစ်ခု ရကာ ဂီတ လောကထဲကို ရောက်ရှိလာတဲ့ တေးသံရှင် ထက်အဉ္ဖလီကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဖြစ်ပါတယ်။ဖေဖော်ဝါရီ ပထမ အပတ် အာဏာသိမ်းတဲ့ အချိန်ကနေ စပြီး ပရိသတ်တွေ ပြည်သူတွေ နဲ့ အတူ အမှန်တရားဘက်ကနေ ရပ်တည်ကာ ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်ခဲ့တဲ့ တေးသံရှင် တွေထဲက တက်သစ်စ တေးသံရှင် တစ်ဦးပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံ နေရာအနှံ့မှာ အကြမ်းဖက် ဖြိုခွင်းတာကို ခံနေရပြီး ကယားပြည်နယ်ဟာ အပြင်းအထန်ကို ထိခိုက်ခံနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မနက်မှာ ဆိုရင်ဖြင့် ကယားပြည်နယ် ဒီးမော့ဆို မြို့မှာ အကြမ်းဖက် စစ်ကောင်စီ တပ်မှ အင်အား အများအပြားဖြင့် နယ်မြေကျူးကျော်လာပြီး ပြည်သူတွေကို ပစ်ခတ်ဖမ်းဆီးမှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ဒေသခံ အမျိုးသမီး၊ကလေး တွေနဲ့ သက်ကြီးရွယ်အိုတွေကလည်း ဘေးလွတ်ရာကို ရှောင်ပြေး နေရတယ်လို့လည်း သိရပါတယ်။

ယခုလို လက်နက်ကြီးတွေနဲ့ အင်းအားသုံး ဖြိုခွင်းမှုတွေကြောင့် ထက်အိမ်ဇလီဟာ ကယားပြည်နယ်အတွက် speak out လုပ်ပေးဖို့ ပြောလာတာပဲ ဖြစ်ပါတယ်။ “ကျမတို့ ကယားပြည်နယ် အခြေနေမကောင်းပါ။ဘောလခဲ မှာလဲ တိုက်ပွဲဖြစ်နေတယ် ဒီးမော့ဆို(ဒေါငံခါး) မှာလဲလက်နက်ကြီ းတွေနဲ့ပါ ပစ်နေကြတယ် ပြန်တိုက်နေကြရပါတယ်လွိုင်ကော်မှာလဲ မြို့အနှံ့စစ်ခွေးတွေအပြည့်နဲ့ပါ Speak out လုပ်ပေးကြပါ…..”ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြလာတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေး လိုက်တာပဲ ဖြစ်ပါတယ်နော်……။

crd

ZAW GYI




crd