





Cele Secrets

လက်ရှိကိုဗစ်ရောဂါ ကူးစက်မှုနဲ့ ပတ်သက်ပြီး ညနေမှ ရေချိုးတတ်သူတွေ အတွက် သတိထားရမယ့် အချက်တစ်ချက်ကို ပြောပြလာတဲ့ အေးသီတာ

ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် အေးသီတာ ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေ ကနေတဆင့် ပရိသတ်တွေ အားပေးလာ ကြ တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ပါဝင်ရတဲ့ ဇာတ်ဝင်ခန်း တွေက အစ်မနေရာ၊ အမေ နေရာ၊ အဒေါ်နေရာ၊ အိမ်အကူနေရာတွေ ကနေ ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။

သူမရဲ့ အနုပညာ သက်တမ်းကလည်း ၁၀ စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ် လတ်တလော ဖြစ်ပွားနေတဲ့ ကပ်ရောဂါ တိုက်ဖျက်ရေး ကာလလေးမှာတော့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ မုန့်ဟင်းခါး ရောင်းပြီး ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အေးသီတာ က နေ့စဉ်လှုပ်ရှားမှုလေး တွေကို ချစ်တဲ့ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်အောင် အမြဲဖော်ပြပေးလေ့ ရှိပါတယ်။ ယခုမှာလည်း အေးသီတာ က ချစ်တဲ့ပရိသတ်တွေ ဆင်ခြင်ရမယ့် အရာလေး တစ်ခုကို ပြောပြလာခဲ့ပါတယ်။

ဒီအကြောင်းအရာလေး ကတော့ ” မိတ်ဆွေများအားလုံး ညနေပိုင်း( နေဝင်ပြီးနောက်ပိုင်း ) ရေမချိုးကြဖို့ နိုးဆော် ပါတယ်ရှင် ….ဖျားပြီး ကိုဗစ်ဖြစ်သူတိုင်း ညနေဘက် ရေချိုးရာက ဖြစ်တာကို လေ့လာတွေ့ရှိရပါတယ်” ဆိုတဲ့ စာဆောင်လေးကို သူ့ရဲ့ လူမှုကွန်ယက်မှာ ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။

အေးသီတာကတော့ ကိုဗစ်ကူးစက်မှုနဲ ့ပတ်သတ်ပြီး သူမရဲ့ တွေ့ရှိချက်လေးကို ပြောပြလာခဲ့ တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး သတိထားရှောင်ကြဉ်နိုင် စေဖို့ တင်ဆက်ပေး လိုက်ရပါတယ်နော်

Credit:Shwe Yaung Myanmar
Cele Secrets