သရုပ်ဆောင် မင်းမော်ကွန်းကတော့ တစ်ခေတ်တစ်ခါကအောင်မြင် ပြီးသားဖြစ်တဲ့အပြင် သရုပ်ဆောင်ကောင်းပြီး စိတ်ထားကောင်း တာကြောင့်ပရိတ်သတ်ကြီးတွေရဲ့အားပေးမှုကို ယနေ့ထိ ရရှိနေဆဲပဲဖြစ်ပါတယ်၊မင်းမော်ကွန်း သရုပ်ဆောင် နေတိုး၊ကျော်ကျော်ဗိုလ်၊ထွန်းထွန်း၊ရဲလေး တို့နဲ့နှင်းဆီအငြိမ့်လူရွှင်တော်အဖွဲ့မှာလဲပါဝင်ထားပါ သေးတယ်။

မင်းမော်ကွန်းက တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူလမ်းထွက်ကာ လူထုလှုပ်ရှားမှု့ တွေမှာအားတက်သရော် ပါဝင်ခဲ့ပါတယ်။မင်းမော်ကွန်းကတော်လှန်ရေးကြီးမှာပါဝင်ခဲ့တဲ့အတွက်ကြောင့်ပုဒ်မ ၅၀၅ ကနဲ့အမှုဖွင့် မတရားအရေးယူထားခြင်းခံ ရတာကြောင့်မိသားစုနဲ့ဝေးရာကို တိမ်းရှောင်နေရပါတယ်။

တိမ်းရှောင်နေစဉ် အတောအတွင်း မှာလဲလူမှုကွန်ယက် စာမျက်နှာထက်ကနေ ပြည်သူတွေခွန်အားဖြစ်စေမယ့် စာသားတွေကို ရေးသားဖော်ပြလေ့ရှိပါတယ်၊အခုတစ်ခါဆိုရင်လဲမင်းမော်ကွန်းရဲ့အကြောင်းကို ပြည်သူတစ်ဦးက အခုလိုပြောကြား ထားပါသေးတယ်။ဒါကတော့ သူ နဲ့ကျွန်တော်အနုပညာနယ်ပယ်ထဲမှာစဆုံတော့သူက ငယ်ရွယ်သလောက်အောင်မြင်ကျော်ကြားနေပါပြီ။

ကျွန်တော်သူနဲ့အတူ ဗီဒီယိုဇာတ်ကားအတော်များများ ဖန်တီးရိုက်ကူးခဲ့တယ်။ပြီးတော့လည်းကျွန်တော်လိုချင်တဲ့Action တစ်ခုကိုProကျကျ သရုပ်ဆောင်ပြသွားတယ်၊ဇာတ်ကားရိုက်နေရင်းခဏလေးအားလပ်တဲ့ အချိန်လေးမှာတောင်သီချင်းတွေ ကြိတ်ရေးနေတတ်တဲ့သူ၊မိသားစုကိုသိပ်ချစ်တတ်သူလဲဖြစ်ပါတယ်၊သူဟာနိုင်ငံရေးနားလည်တဲ့ ဖခင်တစ်ယောက် ရဲ့ သားအဖြစ်မွေးလာခဲ့သူ ၊ သူကဓမ္မကိုချစ်မြတ်နိုးတယ်လ လို့ပြောပြထားပါတယ်…။

crd-original

ZAWGYI





crd-original