ပရိသတ်ကြီးရေ ပြည်သူချစ် အနုပညာရှင် ဖွေးဖွေး ကတော့ အနုပညာလမ်းကြောင်း မှာ အောင်မြင်မှုများစွာကို ရရှိထားသူဖြစ်ပြီး အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု (၃)ဆု ကိုပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။ကျရာ ဇာတ်ကောင်ကို ပီပြင်အောင် ကြိုတင်ပြင်ဆင်မှုတွေနဲ့ အတူ စိတ်ရောလူရော အားထည့်ကာ အမြဲ ကြိုတင်ပြင်ဆင်မှုတွေ နဲ့ အနုပညာဝမ်းစာ ကို အပြည့်ဖြည့်တတ်သူပဲ ဖြစ်ပြီး အနုပညာ အလုပ်အပေါ် ဝါသနာ ကြီးသူတစ်ယောက် လို့ဆိုရမှာပါ။

ဖွေးဖွေးကတော့လက်ရှိ မှာတော့ ပုဒ်မ၅၀၅ နဲ့ ရှောင်တိမ်းနေရတဲ့အနုပညာရှင်တွေထဲကတစ်ယောက်ဖြစ်ပြီး သူမရဲ့ အနုပညာအလုပ်တွေကို လုံဝ ရပ်တန့်ထားခဲ့တာပါ။ သူမအနေနဲ့ အရင်ပုံဟာင်းတွေပဲ ပြန်လည်တင်နေရင်းနဲ့ ဒီနေ့မှာတော့ သူမရဲ့လက်ရှိပုံရိပ်လေးတွေ ကို တင်လာခဲ့တာပါ။

သူမအနေနဲ့တစ်နေရာကိုအလည်အပတ်သွားရောက်ခဲ့တာဖြစ်ပြီးမကြာခင်မှာလည်းပိုစ့်လေးကို ပြန်ဖျက်မယ်လို့​ပြောခဲ့တာပါ။ပရိသတ်ရှေ့ကနေ​ကွယ်ပျောက်နေတာကြာပေမယ့် လက်ရှိမှာတော့ဆံပင်တွေရှည်လာကာ ချစ်စရာကောင်းနေဆဲသူမရဲ့ပုံရိပ်လေးတွေကိုပရိသတ်တွေဟာချစ်မဝဖြစ်ကာ မှတ်ချက်လေးတွေပေ းနေကြတာပါ။ပရိသတ်တွေလည်း ဆံပင်တွေရှည်ကာ ပိုမိုအလှပိုလာတဲ့​ဖွေးစိန်လေး ရဲ့ ပုံရိပ်​လေးတွေကိုသဘောကျရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Credit – CeleGabar
Source- phwayPhway

ZAWGYI




Credit – CeleGabar
Source- phwayPhway