စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီး တရားစွဲ ထားတဲ့ သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန် အမှုကို ဇွန်လ ၉ ရက် ဒီနေ့ ရုံးချိန်း ခေါ်ခဲ့ပြီး တရားလို မြောက်ဒဂုံမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းအောင် ကို အင်းစိန် ထောင်တွင်း တရားရုံးမှာ စတင် စစ်ဆေးခဲ့ ပါတယ်။ အမှု့ ကို ပြန်ချေပ နိုင်ဖို့ တရားလို ရဲ့ စွပ်စွဲချက်တွေ ခိုင်မာမှု ရှိ မရှိ ပိုင်တံခွန် ရဲ့ဥပဒေ အကြံပေးက သုံးသပ် နေပြီး တရားလို ပြသက်သေတွေ ရဲ့ စွဲချက်တွေ ကို နောက်ရုံး ချိန်းမှာ စောင့်ကြည့် ရဦးမယ် လို့ ပိုင်တံခွန် ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့် က ပြောပါတယ်။

သရုပ်ဆောင် ပိုင်တံခွန် ကို အင်းစိန် ထောင်တွင်း သီးသန့် ဆောင်မှာ ထိန်းသိမ်း ထားတာ ဖြစ်ပြီး အခုရုံးချိန်း မှာ ကျန်းမာရေး ကောင်းမွန်တာ တွေ့ရတယ်လို့ ရှေ့နေက ပြောပါတယ်။ ပိုင်တံခွန် ကို စ က စ က စွဲချက်တင်ရာမှာ ဖေ့စ်ဘွတ်ခ် လူမှု့ ကွန်ရက်ပေါ်က အထောက်အထား တွေ နဲ့ စွပ်စွဲတာ ဖြစ်ပါတယ်။

သရုပ်ဆောင် ပိုင်တံခွန် ကို ဧပြီ ၈ ရက် နေ့က မြောက်ဒဂုံက သူ့ ရဲ့ နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ပိုင်တံခွန် အမှု့ အတွက် နောက်ရုံးချိန်း ကို ဇွန်လ ၂၃ ရက်နေ့မှာ ပြန်ခေါ် ထားပြီး တရားလို ပြ သက်သေတွေ ကို ဆက်စစ်မှာ ဖြစ်ပါတယ်။ အင်းစိန်ထောင်ထဲ ရောက်ပြီး ပုဒ်မ ၅၀၅ နဲ့ အစွဲခံ ထားရသူတွေကို အာမခံပေးလေ့မ ရှိတဲ့အတွက် ပိုင်တံခွန် အတွက် အာမခံ လျှောက်ထားဖို့ ကလည်း ခက်ခဲ နေ တယ်လို့ သူ့ရဲ့ ဥပဒေ အကြံပေးက ပြောပါတယ်။

crd : DVB Burmese

ZAWGYI

စစ္ေကာင္စီက ပုဒ္မ ၅၀၅ (က) နဲ႔ ဖမ္းဆီး တရားစြဲ ထားတဲ့ သ႐ုပ္ေဆာင္ ေမာ္ဒယ္ ပိုင္တံခြန္ အမႈကို ဇြန္လ ၉ ရက္ ဒီေန႔ ႐ုံးခ်ိန္း ေခၚခဲ့ၿပီး တရားလို ေျမာက္ဒဂုံၿမိဳ႕မ ရဲစခန္းမႉး ဒုရဲမႉး ေဇာ္မင္းေအာင္ ကို အင္းစိန္ ေထာင္တြင္း တရား႐ုံးမွာ စတင္ စစ္ေဆးခဲ့ ပါတယ္။ အမႈ႔ ကို ျပန္ေခ်ပ နိုင္ဖို႔ တရားလို ရဲ့ စြပ္စြဲခ်က္ေတြ ခိုင္မာမႈ ရွိ မရွိ ပိုင္တံခြန္ ရဲ့ဥပေဒ အႀကံေပးက သုံးသပ္ ေနၿပီး တရားလို ျပသက္ေသေတြ ရဲ့ စြဲခ်က္ေတြ ကို ေနာက္႐ုံး ခ်ိန္းမွာ ေစာင့္ၾကည့္ ရဦးမယ္ လို႔ ပိုင္တံခြန္ ရဲ့ ဥပေဒအႀကံေပး တရားလႊတ္ေတာ္ ေရွ႕ေန ဦးခင္ေမာင္ျမင့္ က ေျပာပါတယ္။

သ႐ုပ္ေဆာင္ ပိုင္တံခြန္ ကို အင္းစိန္ ေထာင္တြင္း သီးသန႔္ ေဆာင္မွာ ထိန္းသိမ္း ထားတာ ျဖစ္ၿပီး အခု႐ုံးခ်ိန္း မွာ က်န္းမာေရး ေကာင္းမြန္တာ ေတြ႕ရတယ္လို႔ ေရွ႕ေနက ေျပာပါတယ္။ ပိုင္တံခြန္ ကို စ က စ က စြဲခ်က္တင္ရာမွာ ေဖ့စ္ဘြတ္ခ္ လူမႈ႔ ကြန္ရက္ေပၚက အေထာက္အထား ေတြ နဲ႔ စြပ္စြဲတာ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ ပိုင္တံခြန္ ကို ဧၿပီ ၈ ရက္ ေန႔က ေျမာက္ဒဂုံက သူ႔ ရဲ့ ေနအိမ္မွာ ဝင္ေရာက္ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ ပိုင္တံခြန္ အမႈ႔ အတြက္ ေနာက္႐ုံးခ်ိန္း ကို ဇြန္လ ၂၃ ရက္ေန႔မွာ ျပန္ေခၚ ထားၿပီး တရားလို ၿပ သက္ေသေတြ ကို ဆက္စစ္မွာ ျဖစ္ပါတယ္။ အင္းစိန္ေထာင္ထဲ ေရာက္ၿပီး ပုဒ္မ ၅၀၅ နဲ႔ အစြဲခံ ထားရသူေတြကို အာမခံေပးေလ့မ ရွိတဲ့အတြက္ ပိုင္တံခြန္ အတြက္ အာမခံ ေလၽွာက္ထားဖို႔ ကလည္း ခက္ခဲ ေန တယ္လို႔ သူ႔ရဲ့ ဥပေဒ အႀကံေပးက ေျပာပါတယ္။

crd : DVB Burmese