Myanmar Idol ပြိုင်ပွဲကြီးကနေ ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးချစ်ခင်မှုတွေ ကို အခိုင်အမာရ ရှိထားတဲ့အဆိုတော်သားငယ်ကတော့ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။ ရခိုင်တိုင်းရင်းသား တစ်ယောက်ဖြစ်တဲ့ အဆိုတော် သားငယ်ကတော့ အဖိုးဖြစ်သူ ကွယ်လွန်ဆုံးပါးသွားတဲ့ အတွက်စိတ်မကောင်းဝမ်းနည်းနေရပြီး အိမ်မပြန်နိုင် သေးတဲ့အကြောင်းတွေကို ပြောပြလာပါတယ်..။

အဖိုးဖြစ်သူ ကွယ်လွန်သွား တာတောင် လက်ရှိ အခြေအနေတွေကြောင့် အိမ်မပြန်နိုင်လို့ ကြေကွဲဝမ်းနည်းရပြီးအဝေးကနေ ကန်တော့လိုက်ရတာတွေကိုလည်း သားငယ်က ပြောပြထားတာ ဖြစ်ပါတယ်..။ကျန်းမာရေးမကောင်းတဲ့ အဖိုး ဖြစ်သူအတွက် အခုလို အချိန်ကာလမှာ မဆုံးဖို့ ဆုတောင်းပေးနေပေမယ့်ဆုတောင်းတွေ မပြည့်ခဲ့တဲ့ အကြောင်းတွေကို လည်း စိတ်မကောင်းစွာ ပြောပြထားပါသေးတယ်..။

“ဖိုးဖိုးဆုံးပြီ ဒီကာလမှာ မဆုံးဖို့ ဆုတောင်းတာ မပြည့်လိုက်ဘူး အိမ်ကိုလည်းမပြန်နိုင် အဝေးကကန်တော့လိုက်ပါတယ်၊ ဆိုပြီး စိတ်မကောင်းစွာ ပြောပြထားတာ ဖြစ်ပါတယ်..။အဖိုးကွယ်လွန်ဆုံးပါးသွားတဲ့အတွက် ဝမ်းနည်းနေတဲ့သားငယ်ကို ပရိသတ်တွေက အားပေး စကားတွေ ပြောထားသလို ကွယ်လွန်သူအတွက် ကောင်းရာသုဂတိလား စေဖို့ကိုလည်း ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..

Credit

ZAW GYI




Credit