ပရိသတ်ကြီးရေ ပရိသတ်တွေ ရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချော ခိုင်နှင်းဝေ ကတော့ လတ်တလောမှာ ရေကြီးနေတဲ့ နေရာက ပြည်သူတွေ အတွက် လိုအပ်တဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို လှူဒါန်းသွားဖို့ စီစဉ်နေခဲ့ ပါတယ်။ လတ်တလော မှာ မိုးသည်းထန် စွာ ရွာသွန်းမှုကြောင့် ရေကြီးမှု တွေဖြစ်ပြီး ပြည်သူတွေရေဘေးဒဏ် ကိုပါခံစားနေခဲ့ရပါတယ်။

ခိုင်နှင်းဝေ ကတော့ ရေဘေးဒဏ်ခံရတဲ့ ဒေသတွေမှာ ရေဘေး ကယ်ဆယ်ရေးအတွက် အဓိကလိုအပ်တဲ့ အသက်ကယ်အင်္ကျီ ၊ အရေးပေါ်အသက်ကယ် ဘောကွင်း၊အသက်ကယ်လှေ တို့ကို မတည် လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။”မော်လမြိုင် ၊ မြဝတီ ၊ ဘားအံဘက် မှ ရေကြီး နေသော နေရာများသို့ အသက်ကယ် အင်္ကျီ (၁၀၀၀၀) ၊ အရေးပေါ် အသက်ကယ် ဘောကွင်း ( ၅၀၀၀ )၊ အသက်ကယ် လှေ (၃၀၀) မ,တည် လှူဒါန်းသွား ပါမယ်ရှင်” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြ ထားခဲ့တာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေ က သူကမတည်ကာ သူ့ရဲ့ (၇) ရက်သားသမီး အလှူရှင်တွေ စုပေါင်း လှူဒါန်းသွားမှာ ဖြစ်ပြီး မွန်မြတ်လှတဲ့ ကာလဒါန အလှူလေးပါ။ ပရိသတ်ကြီးရေ ပရိသတ်တွေ ရဲ့ အချစ်တော် ခိုင်နှင်းဝေနဲ့ သူ့ရဲ့စေတနာရှင် (၇)ရက် သားသမီးအလှူရှင်တွေ နဲ့ မွန်မြတ်လှတဲ့အလှူလေးကို ပရိသတ်ကြီးတွေက သာဓုခေါ်ဆိုပေးခဲ့ ကြပါဦးနော်။

Source – Khine Hnin Wai

ZAWGYI

ပရိသတ္ႀကီးေရ ပရိသတ္ေတြ ရဲ့ အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ ခိုင္ႏွင္းေဝ ကေတာ့ လတ္တေလာမွာ ေရႀကီးေနတဲ့ ေနရာက ျပည္သူေတြ အတြက္ လိုအပ္တဲ့ ကယ္ဆယ္ေရး ပစၥည္းေတြကို လႉဒါန္းသြားဖို႔ စီစဥ္ေနခဲ့ ပါတယ္။ လတ္တေလာ မွာ မိုးသည္းထန္ စြာ ရြာသြန္းမႈေၾကာင့္ ေရႀကီးမႈ ေတြျဖစ္ၿပီး ျပည္သူေတြေရေဘးဒဏ္ ကိုပါခံစားေနခဲ့ရပါတယ္။

ခိုင္ႏွင္းေဝ ကေတာ့ ေရေဘးဒဏ္ခံရတဲ့ ေဒသေတြမွာ ေရေဘး ကယ္ဆယ္ေရးအတြက္ အဓိကလိုအပ္တဲ့ အသက္ကယ္အကၤ်ီ ၊ အေရးေပၚအသက္ကယ္ ေဘာကြင္း၊အသက္ကယ္ေလွ တို႔ကို မတည္ လႉဒါန္းေပးခဲ့တာပဲ ျဖစ္ပါတယ္။”ေမာ္လၿမိဳင္ ၊ ျမဝတီ ၊ ဘားအံဘက္ မွ ေရႀကီး ေနေသာ ေနရာမ်ားသို႔ အသက္ကယ္ အကၤ်ီ (၁၀၀၀၀) ၊ အေရးေပၚ အသက္ကယ္ ေဘာကြင္း ( ၅၀၀၀ )၊ အသက္ကယ္ ေလွ (၃၀၀) မ,တည္ လႉဒါန္းသြား ပါမယ္ရွင္” ဆိုၿပီး သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန ေဖာ္ၿပ ထားခဲ့တာပဲ ျဖစ္ပါတယ္။

ခိုင္ႏွင္းေဝ က သူကမတည္ကာ သူ႔ရဲ့ (၇) ရက္သားသမီး အလႉရွင္ေတြ စုေပါင္း လႉဒါန္းသြားမွာ ျဖစ္ၿပီး မြန္ျမတ္လွတဲ့ ကာလဒါန အလႉေလးပါ။ ပရိသတ္ႀကီးေရ ပရိသတ္ေတြ ရဲ့ အခ်စ္ေတာ္ ခိုင္ႏွင္းေဝနဲ႔ သူ႔ရဲ့ေစတနာရွင္ (၇)ရက္ သားသမီးအလႉရွင္ေတြ နဲ႔ မြန္ျမတ္လွတဲ့အလႉေလးကို ပရိသတ္ႀကီးေတြက သာဓုေခၚဆိုေပးခဲ့ ၾကပါဦးေနာ္။

Source – Khine Hnin Wai