ပရိတ်သတ်ကြီးရေ…. Make-Up Artist တစ်ယောက်ဖြစ်တဲ့ ရပ်တည်နေတဲ့ ဟန်နာယူရီ ဟာဆိုရင် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတာပဲဖြဟ်ပါတယ်နော်.။သူမကတော့ ကိုယ်ပိုင် စီပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေရုံသားမကပဲ ကြော်ငြာ မင်းသမီးတစ်ယောက် အဖြစ်နဲ့ပါ ရပ်တည်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ဟန်နာယူရီ ဟာဆိုရင် လက်ရှိဖြစ်ပေါ် နေတဲ့နိုင်ငံရေးအခြေအနေ နဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် အခက်အခဲဖြဟ်နေတဲ့ ပြည်သူတွေ ကိုလည်း သူမတတ်နိုင်သလောက်ကူညီထောက်ပံ့ပေးနေတာကိုလည်းမြင်တွေ့ရပါတယ်။

မြန်မာ့အရေးကို တက်တက်ကြွကြွ Speak Out လုပ်ပေးတဲ့ ဟန်နာယူရီဟာ လက်ရှိမှာ တော့ ကိုရီးယားနိုင်ငံ ကိုရောက်ရှိနေပြီး မြန်မာ့အရေးနဲ့ပတ်သက်ပြီး သတင်းအမှန်တွေကို အင်တာဗျူး ဖြေပေးကာ ကမ္ဘာကို အသိပေးနေခဲ့ပါတယ်။ကိုရီးယားနိုင်ငံ ကို စစရောက်ခြင်းမှာ ဆက်သွယ်ရမယ့် ကိုရီးယားဖုန်းကဒ်နဲ့ ကိုရီးယားငွေ လည်းမရှိတဲ့အပြင် အခန်းထဲမှာ သောက်ဖို့ ရေတောင်မရှိခဲ့ပါဘူး။ သို့ပေမယ့်လည်း ကိုရီးယား အေဂျင်စီတစ်ခုက သူမဆီကို အစားအသောက်တွေပို့ပေးပြီး နွေးနွေးထွေးထွေးကြိုဆိုပေးခဲ့ပါတယ်။ သူများနိုင်ငံမှာနေရပေမယ့် အခုလိုကူညီပေးတာတွေကြောင့် ယိင်းလည်း အရမ်းကိုပျော်နေခဲ့ပါတယ်။

မြန်မာ့အရေးအတွက် အင်တာဗျူး ဖြေဖို့သွား တဲ့လမ်းမှာလည်း လောလောဆယ် အလုပ် မရှိသေး တာကြောင့် ချွေတာပြီး Bus ပဲစီးသွားသလို ဖြေရမယ့်နေရာကိုလည်း (၄၅) မိနစ်လောက် လမ်းလျှောက်ရတာကြောင့် ခြေထောက် တွေတောင်နာခဲ့ရတဲ့အထိပါပဲ။သို့ပေမယ့် လည်း သူမ ပြောချင်ခဲ့တဲ့ မြန်မာ့အရေးကို အကုန်လုံးပြောလိုက်နိုင်တာမို့ ပင်ပန်းတာတွေ နာကျင်တာတွေ ကို အရေးမထားတော့ပါဘူး။ ကိုရီးယားကိုပြန်ရောက် လာခဲ့တဲ့ ယိင်းအတွက် ကိုရီးယား Company တစ်ခုကတည်း အစားအသောက်တွေ ပို့ပေးပြီး သူတို့ရဲ့ဂရုစိုက်မှုကို ပြသခဲ့ပါသေးတယ်။

ချစ်ခင်ရတဲ့ အမတွေကလည်း ပန်းစည်းနဲ့ မုန့်တွေ ပို့ပေးတာကြောင့် ယိင်းတစ်ယောက် မေတ္တာတွေ ထဲမှာ ကျေနပ်မဆုံးဖြစ်နေခဲ့ပါတယ်။ ကိုယ်တိုင်အလုပ်မရှိသော်ငြားလည်း CDM တွေအတွက် ငွေကျပ် (၃၀၀၀၀) လှူဒါန်းခဲ့ပါသေးတယ်။လူအားရောငွေ အားပါ တတ်စွမ်းသလောက်ပါဝင်တဲ့ သူမကို ပရိသတ်တွေက အရင်ကထက်ပိုချစ်ပြီး ပိုအားပေးလာခဲ့ပါတယ်။ မျက်နှာလေး နဲ့လိုက်အောင် လှတဲ့စိတ်ထားလေးဟာ ယိင်းရဲ့ပုံရိပ်ကို အရင်က ထက်ပိုပြီးမြှင့်တင်ပေး ခဲ့ပါတယ်။

Credir Myanmarload

ZAW GYI

ပရိတ္သတ္ႀကီးေရ…. Make-Up Artist တစ္ေယာက္ျဖစ္တဲ့ ရပ္တည္ေနတဲ့ ဟန္နာယူရီ ဟာဆိုရင္ ပရိတ္သတ္ေတြရဲ့ခ်စ္ခင္အားေပးမႈကိုအျပည့္အဝရရွိထားတာပဲျဖဟ္ပါတယ္ေနာ္.။သူမကေတာ့ ကိုယ္ပိုင္ စီပြားေရးလုပ္ငန္းေတြကို လုပ္ကိုင္ေန႐ုံသားမကပဲ ေၾကာ္ျငာ မင္းသမီးတစ္ေယာက္ အျဖစ္နဲ႔ပါ ရပ္တည္ေနတဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။ဟန္နာယူရီ ဟာဆိုရင္ လက္ရွိျဖစ္ေပၚ ေနတဲ့နိုင္ငံေရးအေျခအေန နဲ႔ပတ္သက္ၿပီး ျပည္သူလူထုနဲ႔အတူ တစ္သားတည္းရပ္တည္ခဲ့တဲ့သူတစ္ေယာက္ျဖစ္တဲ့အျပင္ အခက္အခဲျဖဟ္ေနတဲ့ ျပည္သူေတြ ကိုလည္း သူမတတ္နိုင္သေလာက္ကူညီေထာက္ပံ့ေပးေနတာကိုလည္းျမင္ေတြ႕ရပါတယ္။

ျမန္မာ့အေရးကို တက္တက္ႂကြႂကြ Speak Out လုပ္ေပးတဲ့ ဟန္နာယူရီဟာ လက္ရွိမွာ ေတာ့ ကိုရီးယားနိုင္ငံ ကိုေရာက္ရွိေနၿပီး ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး သတင္းအမွန္ေတြကို အင္တာဗ်ဴး ေျဖေပးကာ ကမၻာကို အသိေပးေနခဲ့ပါတယ္။ကိုရီးယားနိုင္ငံ ကို စစေရာက္ျခင္းမွာ ဆက္သြယ္ရမယ့္ ကိုရီးယားဖုန္းကဒ္နဲ႔ ကိုရီးယားေငြ လည္းမရွိတဲ့အျပင္ အခန္းထဲမွာ ေသာက္ဖို႔ ေရေတာင္မရွိခဲ့ပါဘူး။ သို႔ေပမယ့္လည္း ကိုရီးယား ေအဂ်င္စီတစ္ခုက သူမဆီကို အစားအေသာက္ေတြပို႔ေပးၿပီး ေႏြးေႏြးေထြးေထြးႀကိဳဆိုေပးခဲ့ပါတယ္။ သူမ်ားနိုင္ငံမွာေနရေပမယ့္ အခုလိုကူညီေပးတာေတြေၾကာင့္ ယိင္းလည္း အရမ္းကိုေပ်ာ္ေနခဲ့ပါတယ္။

ျမန္မာ့အေရးအတြက္ အင္တာဗ်ဴး ေျဖဖို႔သြား တဲ့လမ္းမွာလည္း ေလာေလာဆယ္ အလုပ္ မရွိေသး တာေၾကာင့္ ေခၽြတာၿပီး Bus ပဲစီးသြားသလို ေျဖရမယ့္ေနရာကိုလည္း (၄၅) မိနစ္ေလာက္ လမ္းေလၽွာက္ရတာေၾကာင့္ ေျခေထာက္ ေတြေတာင္နာခဲ့ရတဲ့အထိပါပဲ။သို႔ေပမယ့္ လည္း သူမ ေျပာခ်င္ခဲ့တဲ့ ျမန္မာ့အေရးကို အကုန္လုံးေျပာလိုက္နိုင္တာမို႔ ပင္ပန္းတာေတြ နာက်င္တာေတြ ကို အေရးမထားေတာ့ပါဘူး။ ကိုရီးယားကိုျပန္ေရာက္ လာခဲ့တဲ့ ယိင္းအတြက္ ကိုရီးယား Company တစ္ခုကတည္း အစားအေသာက္ေတြ ပို႔ေပးၿပီး သူတို႔ရဲ့ဂ႐ုစိုက္မႈကို ျပသခဲ့ပါေသးတယ္။

ခ်စ္ခင္ရတဲ့ အမေတြကလည္း ပန္းစည္းနဲ႔ မုန႔္ေတြ ပို႔ေပးတာေၾကာင့္ ယိင္းတစ္ေယာက္ ေမတၱာေတြ ထဲမွာ ေက်နပ္မဆုံးျဖစ္ေနခဲ့ပါတယ္။ ကိုယ္တိုင္အလုပ္မရွိေသာ္ျငားလည္း CDM ေတြအတြက္ ေငြက်ပ္ (၃၀၀၀၀) လႉဒါန္းခဲ့ပါေသးတယ္။လူအားေရာေငြ အားပါ တတ္စြမ္းသေလာက္ပါဝင္တဲ့ သူမကို ပရိသတ္ေတြက အရင္ကထက္ပိုခ်စ္ၿပီး ပိုအားေပးလာခဲ့ပါတယ္။ မ်က္ႏွာေလး နဲ႔လိုက္ေအာင္ လွတဲ့စိတ္ထားေလးဟာ ယိင္းရဲ့ပုံရိပ္ကို အရင္က ထက္ပိုၿပီးျမႇင့္တင္ေပး ခဲ့ပါတယ္။

Credir Myanmarload