Miss Grand Myanmar အလွမယ္ ဟန္ေလး ဟာ လက္ရွိ ျမန္မာနိုင္ငံ မွာ ဖမ္းဆီး ခံထား ရသူေတြ ျပန္လႊတ္ေပး ဖို႔နဲ႔ ဒီမိုကေရစီ ျပန္လည္ ေဖာ္ေဆာင္ ေပးဖို႔ ေတာင္းဆိုထားတဲ့ အိတ္ဖြင့္ ေပးစာ ကို ဒီေန႔ ထိုင္းနိုင္ငံ ဘန္ေကာက္ ၿမိဳ႕ရွိ ျမန္မာ သံ႐ုံးကို သြားေပး ခဲ့ပါတယ္။

ဒီမိုကေရစီ နဲ႔ အေျခခံ လူ႔အခြင့္အေရး အရ ၿငိမ္းခ်မ္းစြာ ဆႏၵၿပ ျပည္သူေတြ အာဏာသိမ္း စစ္ေကာင္စီက အၾကမ္းဖက္ ႏွိမ္ႏွင္းခဲ့ ေၾကာင္း၊ ဒါ့အျပင္ ထင္ရွားေက်ာ္ၾကားသူေတြ အပါအဝင္ ျပည္သူေတြ ဟာ ဖမ္းဆီး ခံရၿပီး ဘယ္မွာ ေရာက္ ရွိေနမွန္း မသိရ ေၾကာင္းေတြ စာထဲမွာ ပါရွိပါတယ္။

အိတ္ဖြင့္ ေပးစာ အေပၚ ျမန္မာ သံ႐ုံးက ဘယ္လို တုံ႔ျပန္ခဲ့ သလဲေတာ့ မသိရပါဘူး။ ျမန္မာအလွမယ္ ဟန္ေလးဟာ Miss Grand International 2020 ၿပိဳင္ပြဲစင္ျမင့္ေပၚမွာ ျမန္မာ နိုင္ငံရဲ့ ပကတိ အေျခအေန ေတြကို ထုတ္ေဖာ္ ေျပာၾကားခဲ့ ပါေသးတယ္။ “နိုင္ငံသား တေယာက္ အေန နဲ႔ ကၽြန္မတတ္နိုင္တဲ့ ဘက္ကေန ကၽြန္မတို႔နိုင္ငံ သားေတြ အတြက္ ေတာင္းဆိုခဲ့ပါတယ္”လို႔ အလွမယ္ ဟန္ေလးက ေျပာ ပါတယ္။

Photo Credit

UNICODE

Miss Grand Myanmar အလှမယ် ဟန်လေး ဟာ လက်ရှိ မြန်မာနိုင်ငံ မှာ ဖမ်းဆီး ခံထား ရသူတွေ ပြန်လွှတ်ပေး ဖို့နဲ့ ဒီမိုကရေစီ ပြန်လည် ဖော်ဆောင် ပေးဖို့ တောင်းဆိုထားတဲ့ အိတ်ဖွင့် ပေးစာ ကို ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက် မြို့ရှိ မြန်မာ သံရုံးကို သွားပေး ခဲ့ပါတယ်။

ဒီမိုကရေစီ နဲ့ အခြေခံ လူ့အခွင့်အရေး အရ ငြိမ်းချမ်းစွာ ဆန္ဒပြ ပြည်သူတွေ အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက် နှိမ်နှင်းခဲ့ ကြောင်း၊ ဒါ့အပြင် ထင်ရှားကျော်ကြားသူတွေ အပါအဝင် ပြည်သူတွေ ဟာ ဖမ်းဆီး ခံရပြီး ဘယ်မှာ ရောက် ရှိနေမှန်း မသိရ ကြောင်းတွေ စာထဲမှာ ပါရှိပါတယ်။

အိတ်ဖွင့် ပေးစာ အပေါ် မြန်မာ သံရုံးက ဘယ်လို တုံ့ပြန်ခဲ့ သလဲတော့ မသိရပါဘူး။ မြန်မာအလှမယ် ဟန်လေးဟာ Miss Grand International 2020 ပြိုင်ပွဲစင်မြင့်ပေါ်မှာ မြန်မာ နိုင်ငံရဲ့ ပကတိ အခြေအနေ တွေကို ထုတ်ဖော် ပြောကြားခဲ့ ပါသေးတယ်။ “နိုင်ငံသား တယောက် အနေ နဲ့ ကျွန်မတတ်နိုင်တဲ့ ဘက်ကနေ ကျွန်မတို့နိုင်ငံ သားတွေ အတွက် တောင်းဆိုခဲ့ပါတယ်”လို့ အလှမယ် ဟန်လေးက ပြော ပါတယ်။

Photo Credit