



unicode

သရုပ်ဆောင် ဖွေးဖွေး ကတော့ မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်း ပူးပေါင်းပါဝင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အခြေအနေအရပ်ရပ်ကြောင့် ခေတ္တခဏ တိမ်းရှောင်နေရသော်လည်း လူမှုကွန်ယက်များမှတစ်ဆင့် speak out လုပ်ပေးနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေ ကို သူမအတွက် စိတ်မပူစေဖို့ကိုလည်း အမြဲပြောနေတာပါ။

လူထုလှုပ်ရှားမှုတွေတိုင်း ရှေ့ဆုံးကနေ ပါဝင်နေသူဖြစ်တာကြောင့်လည်း ပရိသတ်များက ဖွေးစိန်လေးရဲ့စိတ်ထားကို လေးစားချစ်ခင်နေကြတာပါ။ သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း အမြဲဝေမျှပေးလေ့ရှိပြီး မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဖွေးဖွေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် လက်ရှိဖြစ်နေတဲ့ အခြေအနေများနဲ့ပတ်သက်ပြီး သူမရင်ထဲ မှာရှိတဲ့ ခံယူချက်တွေကို ရေးသားပြောပြလာတာပဲ ဖြစ်ပါတယ်။

” လုပ်သင့်လုပ်ထိုက်တာ ​ပြောသင့်​ ပြောထိုက်တာ ​တွေ​ပြောခဲ့ ရလို့ ပြည်သူတစ်​ယောက်အ​နေနဲ့ ဘယ်​တော့မှ ​နောင်တမရပါဘူး… ကိုယ့် ခံယူချက်☆ ပြည်သူ့အမှန်တရားကို တစ်သားတည်းအမြဲ သစ္စာရှိ သွားပါဦးမယ်… နေ့တိုင်းဆု​တောင်း​ပေးပါ့မယ် … အားလုံး ဂရုစိုက်ကြပါရှင် … 💪💪💪💪💪💪💪🤍✨ဘာလိုလို နဲ့ ပိ​တောက်ပန်း​တွေ ​တောင်ပွင့်​တော့မယ်…​နွေဦး​လေးတို့ရယ်.. #WeMustWin ” ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Phway Phway’s Facebook Page