ျမန္မာျပည္သူ လူထုက ဒီမိုကေရစီ နည္းျဖင့္ ဆႏၵမဲေပးေရြးခ်ယ္ တင္ေျမာက္ ထားသည့္ အရပ္သား အစိုးရကို စစ္တပ္က အဓမၼအာဏာသိမ္းလိုက္သျဖင့္ ဒုကၡေရာက္ေနၾကရသည့္ ျမန္မာျပည္သူလူကို နိုင္ငံတကာ အေနျဖင့္ ကူညီေပးၾကရန္ ဖိလစ္ပိုင္ ေမာ္ဒယ္ Sinon Loresca ဆႏၵ ေဖာ္ထုတ္ခဲ့သည္။အဂၤလန္နိုင္ငံ လန္ဒန္ၿမိဳ႕ကို ေရာက္ရွိ ေနသည့္ ဖိလစ္ပိုင္ ေမာ္ဒယ္ Sinon Loresca သည္ လန္ဒန္ၿမိဳ႕ ေပၚရွိ ျမန္မာ သံ႐ုံးႏွင့္ ႐ုရွားသံ႐ုံးတို႔ေရွ႕တြင္ သြားေရာက္ ဆႏၵျပခဲ့ၾကသည့္ ျမန္မာနိုင္ငံသားမ်ား ႏွင့္ ပူးေပါင္းၿပီး ဆႏၵေဖာ္ထုတ္ခဲ့ျခင္းျဖစ္သည္။

Sinon Loresca စစ္တပ္က အာဏာ သိမ္းစဥ္က ျမန္မာနိုင္ငံ ထဲတြင္ ရွိေနၿပီး အာဏာသိမ္း စစ္တပ္၏ အၾကမ္းဖက္ မႈမ်ားကို ေတြ႕ျမင္ခဲ့ရၿပီး ျမန္မာျပည္သူမ်ားႏွင့္ အတူရပ္တည္ေၾကာင္း လူသိမ်ားသည့္ ၎၏ လူမႈကြန္ရက္ စာမ်က္ႏွာမွ ဆက္တိုက္ေဖာ္ျပခဲ့သည္။

ေဒါက္ဖိနပ္ျဖင့္ တြဲဖက္ကာ လူသိမ်ားသည့္ Sinon Loresca ကိုဗစ္ကာလ တြင္လည္း ျမန္မာ အေျခခံ မိသားစုဝင္မ်ားကို ေငြေၾကးႏွင့္ ရိကၡေထာက္ပံ့မႈမ်ားျပဳလုပ္ခဲ့သလို ယင္းမတိုင္မီကလည္း ကေလးငယ္မ်ားကို ပညာေရး စရိတ္ေထာက္ပဲံ့မႈမ်ား အပါအဝင္ ပရဟိတ လုပ္ငန္းမ်ားျဖင့္ ကူညီ ခဲ့သည္ကိုေတြ႕ရသည္။

ဓာတ္ပုံ – Londonghost

Credit

unicode

မြန်မာပြည်သူ လူထုက ဒီမိုကရေစီ နည်းဖြင့် ဆန္ဒမဲပေးရွေးချယ် တင်မြောက် ထားသည့် အရပ်သား အစိုးရကို စစ်တပ်က အဓမ္မအာဏာသိမ်းလိုက်သဖြင့် ဒုက္ခရောက်နေကြရသည့် မြန်မာပြည်သူလူကို နိုင်ငံတကာ အနေဖြင့် ကူညီပေးကြရန် ဖိလစ်ပိုင် မော်ဒယ် Sinon Loresca ဆန္ဒ ဖော်ထုတ်ခဲ့သည်။အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိ နေသည့် ဖိလစ်ပိုင် မော်ဒယ် Sinon Loresca သည် လန်ဒန်မြို့ ပေါ်ရှိ မြန်မာ သံရုံးနှင့် ရုရှားသံရုံးတို့ရှေ့တွင် သွားရောက် ဆန္ဒပြခဲ့ကြသည့် မြန်မာနိုင်ငံသားများ နှင့် ပူးပေါင်းပြီး ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

Sinon Loresca စစ်တပ်က အာဏာ သိမ်းစဉ်က မြန်မာနိုင်ငံ ထဲတွင် ရှိနေပြီး အာဏာသိမ်း စစ်တပ်၏ အကြမ်းဖက် မှုများကို တွေ့မြင်ခဲ့ရပြီး မြန်မာပြည်သူများနှင့် အတူရပ်တည်ကြောင်း လူသိများသည့် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ ဆက်တိုက်ဖော်ပြခဲ့သည်။

ဒေါက်ဖိနပ်ဖြင့် တွဲဖက်ကာ လူသိများသည့် Sinon Loresca ကိုဗစ်ကာလ တွင်လည်း မြန်မာ အခြေခံ မိသားစုဝင်များကို ငွေကြေးနှင့် ရိက္ခထောက်ပံ့မှုများပြုလုပ်ခဲ့သလို ယင်းမတိုင်မီကလည်း ကလေးငယ်များကို ပညာရေး စရိတ်ထောက်ပဲံ့မှုများ အပါအဝင် ပရဟိတ လုပ်ငန်းများဖြင့် ကူညီ ခဲ့သည်ကိုတွေ့ရသည်။

ဓာတ်ပုံ – Londonghost

Credit