အနုပညာ လောကမှာ အောင်မြင်မှုတွေ အထိုက်အလျောက် ရရှိထား ကာ ပရိသတ် အားပေး ချစ်ခင်ကြတဲ့ ဟားငါးကောင် လူရွှင်တော် အဖွဲ့ကတော့ လက်ရှိအခြေအနေ တွေမှာ ပြည်သူတွေ နဲ့ အတူ ရပ်တည်နေ ကြတာ ဖြစ်ပါတယ်..။တော်လှန်ရေး တိုက်ပွဲကြီးမှာ တောထဲ ဝင်ကာ စစ်ရေး လေ့ကျင့်မှု တွေ ပြုလုပ် နေတဲ့ ဟား ငါးကောင် ကတော့ လတ်တလော ရုပ်ရှင် အစည်းအရုံး ကိစ္စတွေ နဲ့ ပတ်သက်ပြီး တော့လည်း ပြတ်ပြတ် သားသား အသိပေး ပြောပြ လာပါတယ်..။

ဇွန်လ(၄) ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် ခန့်စည်သူ ကို ခန့်အပ်လိုက်တဲ့ နောက်ပိုင်း အနုပညာရှင် တွေတော်တော် များများ ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင် အဖြစ်မှ အသီးသီး နှုတ်ထွက်ခဲ့ ကြတာ တွေ့ရပါတယ်..။ဟားငါးကောင် ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ လူရွှင်တော် ပိုးလေးက လည်း ခန့်စည်သူ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ လုပ်နေ သရွေ့ ရုပ်ရှင်အစည်းအရုံးကို ဝင်မှာမဟုတ်ကြောင်း သူ့ရဲ့ဖေ့စ်ဘွတ် စာမျက်နှာ ကနေ ပြတ်ပြတ် သားသား ပြောပြလာပါတယ်..။

“သို့ မြန်မာနိုင်ငံ အစည်းအရုံး ဥက္ကဌ ဦးခန့်စည်သူ ခင်ဗျာ ကျွန်တော် လူရွှင်တော် ပိုးလေးသည် တကြိမ်တခါ မှ ရုပ်ရှင် အစည်းအရုံး မဝင်ခဲ့ ဖူးပါ လူကြီးမင်းအားလေးလေး စားစား တင်ပြချင်သည်မှာ လူကြီးမင်း ဥက္ကဌ လုပ်နေသမျှ ကာလ ပါတ်လုံးလည်း ဘယ်တော့မှ မဝင်ပါ ပိုးလေး ( ဟား၅ကောင် )..” ဆိုပြီး ပိုးလေးက ရေးထားတာ ဖြစ်ပါတယ်..။ကို ခန့်စည်သူဆီ တိုက်ရိုက်စာရေးပြီး ထိထိမိမိ စကားပါးလိုက်တဲ့ ပိုးလေးနဲ့ ခံယူချက်တွေ ပြတ်ပြတ် သားသားကို ပြည်သူပရိသတ်တွေကလည်း အားပေးစကားတွေပြောထားကြတာ တွေ့ရပါတယ်..။

သတင်းအရင်းမြစ်…. ပိုးလေး Fb Acc

ZAWGYI



