



UNICODE

မင်းသမီး ချောလေး ယုသန္တာတင် ကတော့ ဗီဒီယို ဇာတ်ကားများစွာ ရိုက်ကူးပြီး ပရိသတ်တွေ ရဲ့ အားပေးချစ်ခင်မှုတွေ ကို အပြည့်အဝရရှိထား တဲ့ အနုပညာရှင်တစ်ဦး ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ ကြော်ငြာတွေ အပြင် Photo Shooting တွေကို လက်ခံရိုက် ကူးနေတာ တွေ့ရပါတယ်။ ယုသန္တာတင် က သွယ်လျ ကျစ်လျစ်တဲ့ ကိုယ်လုံးလေးကို ရရှိထားပြီး တမူ ထူးခြားတဲ့ အလှတရားတွေ နဲ့ ချစ်စရာကောင်းသူလေး ပဲ ဖြစ်ပါတယ်။

ယုသန္တာတင် က ဝတ်စား ဆင်ယဉ်မှုမှာလည်း ရိုးရှင်း အေးချမ်းတဲ့ မြန်မြန် ဆန်ဆန် အဝတ်စုံလေး တွေအပြင် ခေတ်ပေါ်ဖက်ရှင်လေး တွေကိုလည်း လိုက်ဖက်မှုရှိအောင် ဝတ်ဆင် တတ်တာကို တွေ့ရပါတယ်။ ဒါ့အပြင် သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေး တွေအပြင် ချစ်စရာကောင်းတဲ့ ပုံလေး တွေကိုလည်း ဖော်ပြပေးတာတွေ့ရပါတယ်။ယခုမှာတော့ ယုသန္တာတင် က ပရိသတ်တွေ အသည်းယားလောက်မယ့် ပုံရိပ်လေးတွေ ကို ဖော်ပြလာခဲ့ပါတယ်။

ဒီပုံလေးတွေထဲ မှာတော့ ယုသန္တာတင်က တန်ဖိုးကြီး လက်ဝတ်ရတနာတွေ ဝတ်ဆင်ပြီးမြန်မာဝတ်စုံလေး နဲ့ ကျက်သရေရှိပြီး လှပချောမော နေတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေ နဲ့ လည်း ယုသန္တာတင် က “ရတနာရှိရာ ရတနာလာတယ် ဆို ယု ရှိတဲ့အရပ်ကိုရော အချစ်တွေ လာမှာလား ပြော “ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ…ချစ်ပရိသတ်ကြီး ရေ ဆွဲဆောင်မှု ရှိရှိ လှရက်လွန်း နေတဲ့ ယုသန္တာတင် ရဲ့ ပုံရိပ်လေး တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit – Yu Thandar Tin fb Account
သတင်းအရင်းမြစ်: Source – Yu Thandar Tin fb Account