ခုဆိုရင္ (၂) လေက်ာ္ၾကာျမင့္ ေနၿပီျဖစ္တဲ့ ဒီလူထုလႈပ္ရွားမႈ ႀကီးေၾကာင့္ ျမန္မာနိုင္ငံ အႏွံအျပားရွိ ျပည္သူေတြဟာ အခက္အခဲေတြ မ်ိဳးစုံၾကဳံေတြ႕ေနရသလို စိုးရိမ္ပူပန္မႈေတြမ်ားစြာနဲ႔ ေန႔စဥ္တိုင္း ေနထိုင္ေန ၾကရတာပါ။ဒီလို အေျခအေန ေတြမွာ အားလုံးက တစ္ေယာက္အခက္အခဲကို တစ္ေယာက္ကူညီေဖးမရင္း အေကာင္းဆုံး ေက်ာ္ျဖတ္ေနၾကတာလည္းျဖစ္ပါတယ္။

ခုလို ကာလေတြ မွာ လက္လုပ္လက္စားျပည္သူ ေတြကလည္း လုပ္ငန္းတာဝန္ေတြကိုမထမ္းေဆာင္နိုင္တာေၾကာင့္ စားဝတ္ေနေရး အခက္အခဲေတြကို ၾကဳံေတြ႕ ေနရတာျဖစ္ၿပီး ဒီလိုအခက္အခဲ ေတြကို တတ္နိုင္တဲ့ ျပည္သူေတြ ေဖာင္ေဒးရွင္းေတြနဲ႔ အႏုပညာရွင္ေတြကပဲ ေန႔စဥ္တိုင္းလႉဒါန္းကာ ကူညီေထာက္ပံ့ မႈေတြေပး‌ေနတာလည္း ေတြ႕ျမင္ရပါတယ္။

ဒီလိုအႏုပညာရွင္ ေတြထဲမွာ မႉးသခင္လည္း အပါအဝင္ပါပဲေနာ္ ဒီေန႔မွာလည္း စားဝတ္ေနေရးအခက္အခဲျဖစ္ေနတဲ့ က်ဴးတဲက မိသားစုေတြကို အလႉရွင္ေတြ ကိုယ္စား အေျခခံစားေသာက္ကုန္မ်ား လႉဒါန္းေပးခဲ့ျပန္ပါတယ္။အလႉနဲ႔ပတ္သက္ၿပီးလည္း ဒီေန႔က်ဴးတဲမွာ ေနၾကတဲ့မိသားစုေတြကို တစ္အိမ္ေထာင္စု ကို ဆန္၃ျပည္ ဆီ၅ဝသား ၾကက္ဥ၁ဝလုံး အားလုံးအိမ္ေထာင္စု၈၆စုစာ မႉးတို႔နားမွာ အဆင္မေျပတဲ့ အိမ္ေထာင္စု၅စု အားလုံးအိမ္ေထာင္ ၉၁ စုစာလႉဒါန္းခဲ့ပါတယ္ရွင့္

သူတို႔ေလးေတြ အရမ္းေပ်ာ္ေနၾက တယ္ဆုေတြလဲေပးလိုက္ၾကတာအမ်ားႀကီးပဲ မႉးဆီကိုယုံယုံၾကည္ၾကည္နဲ႔လႉဒါန္းေပးၾကတဲ့ အလႉရွင္မ်ားအားလုံး ကိုလဲအရမ္းပဲေက်းဇူးတင္ပါတယ္ရွင့္ မႉးမလႉနိုင္ေပမဲ့ခုလိုအလႉရွင္ေတြကိုယ္စား လႉေပးရတာပဲဝမ္းသာပီတိျဖစ္ရပါတယ္ရွင့္ မႉးအလႉရွင္ ေလးေတြအားလုံးဒီထက္မက အလႉေရစက္လက္နဲ႔မကြာလႉနိုင္ၾကပါစရွင့္ အစအဆုံးလႉဖို႔လိုက္ကူညီေပးတဲ့မအိတို႔ မိသားစုကို လဲေက်းဇူးအမ်ားႀကီးတင္ပါတယ္”လို႔ေရးသားေဝမၽွထား တာျဖစ္ပါတယ္။

Credit – Cele Zone
Photo – Hmue Thakhin

UNICODE

ခုဆိုရင် (၂) လကျော်ကြာမြင့် နေပြီဖြစ်တဲ့ ဒီလူထုလှုပ်ရှားမှု ကြီးကြောင့် မြန်မာနိုင်ငံ အနှံအပြားရှိ ပြည်သူတွေဟာ အခက်အခဲတွေ မျိုးစုံကြုံတွေ့နေရသလို စိုးရိမ်ပူပန်မှုတွေများစွာနဲ့ နေ့စဉ်တိုင်း နေထိုင်နေ ကြရတာပါ။ဒီလို အခြေအနေ တွေမှာ အားလုံးက တစ်ယောက်အခက်အခဲကို တစ်ယောက်ကူညီဖေးမရင်း အကောင်းဆုံး ကျော်ဖြတ်နေကြတာလည်းဖြစ်ပါတယ်။

ခုလို ကာလတွေ မှာ လက်လုပ်လက်စားပြည်သူ တွေကလည်း လုပ်ငန်းတာဝန်တွေကိုမထမ်းဆောင်နိုင်တာကြောင့် စားဝတ်နေရေး အခက်အခဲတွေကို ကြုံတွေ့ နေရတာဖြစ်ပြီး ဒီလိုအခက်အခဲ တွေကို တတ်နိုင်တဲ့ ပြည်သူတွေ ဖောင်ဒေးရှင်းတွေနဲ့ အနုပညာရှင်တွေကပဲ နေ့စဉ်တိုင်းလှူဒါန်းကာ ကူညီထောက်ပံ့ မှုတွေပေး‌နေတာလည်း တွေ့မြင်ရပါတယ်။

ဒီလိုအနုပညာရှင် တွေထဲမှာ မှူးသခင်လည်း အပါအဝင်ပါပဲနော် ဒီနေ့မှာလည်း စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ကျူးတဲက မိသားစုတွေကို အလှူရှင်တွေ ကိုယ်စား အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့ပြန်ပါတယ်။အလှူနဲ့ပတ်သက်ပြီးလည်း ဒီနေ့ကျူးတဲမှာ နေကြတဲ့မိသားစုတွေကို တစ်အိမ်ထောင်စု ကို ဆန်၃ပြည် ဆီ၅ဝသား ကြက်ဥ၁ဝလုံး အားလုံးအိမ်ထောင်စု၈၆စုစာ မှူးတို့နားမှာ အဆင်မပြေတဲ့ အိမ်ထောင်စု၅စု အားလုံးအိမ်ထောင် ၉၁ စုစာလှူဒါန်းခဲ့ပါတယ်ရှင့်

သူတို့လေးတွေ အရမ်းပျော်နေကြ တယ်ဆုတွေလဲပေးလိုက်ကြတာအများကြီးပဲ မှူးဆီကိုယုံယုံကြည်ကြည်နဲ့လှူဒါန်းပေးကြတဲ့ အလှူရှင်များအားလုံး ကိုလဲအရမ်းပဲကျေးဇူးတင်ပါတယ်ရှင့် မှူးမလှူနိုင်ပေမဲ့ခုလိုအလှူရှင်တွေကိုယ်စား လှူပေးရတာပဲဝမ်းသာပီတိဖြစ်ရပါတယ်ရှင့် မှူးအလှူရှင် လေးတွေအားလုံးဒီထက်မက အလှူရေစက်လက်နဲ့မကွာလှူနိုင်ကြပါစရှင့် အစအဆုံးလှူဖို့လိုက်ကူညီပေးတဲ့မအိတို့ မိသားစုကို လဲကျေးဇူးအများကြီးတင်ပါတယ်”လို့ရေးသားဝေမျှထား တာဖြစ်ပါတယ်။

Credit – Cele Zone
Photo – Hmue Thakhin