ပရိသတ်ကြီးရေ အဆိုတော်ဖြိုးမြတ်အောင် ကတော့ myanmar idol အဆိုပြိုင်ပွဲကြီးကနေ winner ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး ဂီတလောကထဲရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ကိုယ်ပိုင်အမ်ဘမ်တွေလည်းထွက်ရှိထားပြီး ဖြိုးမြတ်အောင်က အောင်မြင်မှုနေရာ တစ်ခုလည်းရရှိနေပြီဖြစ်ပါတယ်။ဖြိုးမြတ်အောင်ကတော့ ဘာသာတရားကိုင်းရှိုင်းပြီး သာသနာပြု လုပ်ငန်းတွေလည်း မကြာခဏပြုလုပ်နေတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကိုဖြိုးက မိန်းမယူမှာ မဟုတ်ဘူး တောဘဲထွက်မှာလို့ ပြောလာတဲ့ အဆိုတော် ဖြိုးမြတ်အောင်ရဲ့ ညီလေး ဘချစ်ကပြောလာတာဖြစ်ပါတယ်။ကိုဖြိုးအဆိုတော်မဖြစ်ခင်က သူက အလုပ်မရှိဘူး။ကိုယ်က အလုပ်ရှိတယ်ဆိုတော့ ပတ်ဝန်းကျင်က ကိုယ့်ကိုအကောင်းပြောတဲ့အခါရှိသလို၊သူ့ကိုမကောင်းပြောတဲ့ အခါလည်းရှိတာပေါ့။သူအလုပ်မလုပ်ဘူး ကိုယ်ထပ်ပြီး ဖိနှိပ်ရမယ်ဆိုတာမျိုးမရှိဘူး။

ကိုယ့်ညီအစ်ကိုချင်း ကိုယ့်သွေးသားဆိုတော့ သူ့ကိုပြောရင်မခံနိုင်ဘူး။သူအခုလို အနေအထား ရောက်လာဖို့ အရာရာ သည်းခံစိတ်မွေးပြီး ကြိုးစားခဲ့ရတာပါ။အဖေမရှိတော့တဲ့အချိန်မှာ အစ်ကိုက အကိုကြီး အဖအရာဆိုသလို တစ်အိမ်လုံးကို တာဝန်ယူထားရတာပါ ကိုဖြိုးက မိန်းမယူမှာ မဟုတ်ဘူး တောဘဲထွက်မှာလို့ ပြောလာတာလည်းဖြစ်ပါတယ်။

Credit..




Credit..