သရုပ်ဆောင် လင်းဇာနည်ဇော် ရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်တဲ့ မြူလင်းကိုကို ဟာ မိခင်ဖြစ်သူ ရဲ့ လှပတဲ့ အမွေတွေ ကို အပြည့်အဝ ဆက်ခံထားနိုင်သူတစ်ယောက်ပါပဲ။ မြူလင်းကိုကို က နိုင်ငံရပ်ခြားမှာ သွားရောက်သင်ကြားနေသူ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တွေက မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

မြူလင်းကိုကို က သရုပ်ဆောင် အလုပ်ကို ဝါသနာပါပေမယ့် မေမေလင်းဇာနည်ဇော် ရဲ့ ခွင့်ပြုချက်မရ သေးတာကြောင့် အနုပညာလောကထဲ ကိုဝင်ရောက်လာခြင်းမရှိသေးတာပဲဖြစ်ပါတယ်။အသက်နှစ်ဆယ် ကျော်အရွယ်ရှိနေပြီ ဖြစ်တဲ့ မြူလင်းကိုကိုကတော့ လူငယ်သဘာဝ အတိုင်း လွတ်လွတ် လပ်လပ်နေတတ်သူတစ်ယောက်ပါပဲ။

ဒီတစ်ခေါက်မှာတော့ မြူလင်းကိုကို က သူမ ရဲ့ဖေ့စ်ဘုတ် အကောင့်ကနေ ကောင်လေး တစ်ယောက် နဲ့ အတူတူရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုတင်ခဲ့တာကြောင့် ပရိသတ်တွေက မြူလင်းကိုကို ချစ်သူရှိနေပြီလားလို့ ထင်ကြေးပေးနေကြတာပဲ ဖြစ်ပါတယ်။မြူလင်းကိုကို ကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ မြူလင်းကိုကိုတစ်ယောက် တကယ်ပဲ ချစ်သူ ရည်းစားရသွားပြီလား ဆိုတာ စိတ်ဝင်စားနေကြပြီပဲဖြစ်ပါတယ်။

Source: Myu Linn Ko Ko

ZAWGYI




Source: Myu Linn Ko Ko