ပရိသတ်ကြီးရေ စာရေးဆရာကြီးနွမ်ဂျာသိုင်း ရဲ့အောင်မြင်ခဲ့သော ဝတ္ထုကို ပြန်လည်အသက်သွင်းရိုက်ကူးထားသော ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ် ဆို တဲ့ ဇာတ်လမ်းတွဲလေးကတော့ ထုတ်လွှင့်ပြသနေပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရရှိနေတာလည်းဖြစ်ပါတယ်။လတ်တလောပရိသတ်တွေကြားမှာအကြိုက်တွေ့နေတဲ့ ကျော်ထင်ဇော် နဲ့ ဆုထက်လှိုင်တို့ရဲ့ မ နဲ့ မောင် ရဲ့ ရိုမန်တစ်ဆန်မှုလေးတွေကြောင့် အားပေးမှုတွေမြင့်တတ်​နေတာလည်းဖြစ်ပါတယ်။

ယဉ်ကျေးပြီးနူးညံ့တယ် ၊အရမ်းမိန်းမဆန်တဲ့ တင်မေဦး အဖြစ် သရုပ်ဆောင်အဆိုတော်ဆုထက်လှိုင်က သရုပ်ဆောင်ထားပြီး ကျော်ထက်အောင်နဲ့ အတွဲညီညီနဲ့ လိုက်ဖက်မှုတွေကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးလာတာလည်း ဖြစ်ပါတယ်။ဒီတစ်ခါမှာဆိုရင်လည်း ဆုထက်လှိုင်က သူမသီဆိုထားတဲ့ ” လမ်းခွဲချိန်” ဆိုနဲ့ music video လေးရဲ့အမြည်းလေးကို ချပြာလာခဲ့တာပဲဖြစ်ပါတယ်နော်..

ဆုထက်လှိုင်ကိုယ်တိုင် သီဆိုထားတဲ့ “လမ်းခွဲချိန်” ဆိုတဲ့ music video မှာ ပရိတ်သတ်တွေရဲ့အချစ်တော် ကျော်ထက်ဇော် နဲ့ အတူတွဲဖက်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်နော်။အသည်းကွဲသီချင်းဖြစ်တဲ့ ဆုထက်လှိုင်ရဲ့ “လမ်းခွဲချိန်” ဆိုတဲ့ music video ကို”ချစ်လျက်နဲ့ လမ်းခွဲရတာ ပင်ပန်းတယ်…တကယ်တမ်း လမ်းခွဲချိန်ရောက်လာတဲ့အခါ ကို့ချစ်သူကို ရင်နာနာ နဲ့ လမ်းခွဲပေးရတာ ပိုလို့တောင် ပင်ပန်းပါသေးတယ်… “ဆိုတဲ့စာသားလေးနဲ့အတူပြသလာခဲ့တာပဲဖြစ်ပါတယ်နော်.။ ကျော်ထက်ဇော် တစ်ယောက် ဆုထက်လှိုင်ကို ဘယ်လိုတွေအသည်းခွဲအုံးမ လည်းဆိုတာ ဗီဒီယိုအမြည်းလေးကိုကြည့်ရှုခံစားကြည့်ပါအုံးနော်…။ဆုထက်လှိုင်ရဲ့”လမ်းခွဲချိန်” ဆိုတဲ့ music video လေးထွက်လာရင်လည်း အားပေးကြပါအုံးပရိတ်သတ်ကြီးရေ…..။

Credit…..

ZAWGYI




Credit…..